အာမီးနီးယား - စတုဂတ် (မြန်မာစံတော်ချိန် မေလ ၂၅ ရက် နံနက် ၀၀:၃၀ နာရီ)
အာမီးနီးယားအသင်းက ဘွန်ဒစ်လီဂါအသင်းဟောင်း ဖြစ်ပေမဲ့ အခုချိန်မှာတော့ တတိယတန်းအဆင့်လိဂ်ပြိုင်ပွဲမှာ ကစားနေရလို့ စတုဂတ်နဲ့ အဆင့်ချင်းတော့ အတော်လေးခြားနားနေပြီ။ ဒါပေမဲ့ လက်ရှိချန်ပီယံ လေဗာကူဆင်အသင်းအပါအဝင် အူန်ယွန်းဘာလင်၊ ဖရိုင်းဘတ်၊ ၀ါဒါဘရီမင်စတဲ့ ဘွန်ဒစ်လီဂါအသင်းတွေကို ကျော်ဖြတ်ပြီး ဗိုလ်လုပွဲတက်လှမ်းလာခဲ့တာက အာမီးနီးယားအသင်းကို လျှော့တွက်လို့ မရဘူးဆိုတာ သက်သေပြနေတယ်။ စတုဂတ်ကလည်း ဒီရာသီမှာ မျှော်လင့်သလို ဖြစ်မလာခဲ့ဘဲ ရာသီပိတ်မှာ ဖလားအောင်မြင်မှုနဲ့ ပိတ်သိမ်းနိုင်ဖို့ လိုအပ်နေတယ်။ စတုဂတ်ပဲ ရွေးချယ်ချင်တယ်။















