ဘိုလော့ဂ်နာ - ဂျီနိုအာ (မြန်မာစံတော်ချိန် မေလ ၂၄ ရက် ည ၁၀:၃၀ နာရီ)
ဘိုလော့ဂ်နာက ဥရောပဝင်ခွင့်မျှော်လင့်ချက် အတော်လေးကို နည်းနေပါပြီ။ ဂျီနိုအာကလည်း စီးရီးအေနောက်ဆုံး (၆) ပွဲဆက် နိုင်ပွဲပျောက်နေပြီး တည်ငြိမ်မှုကင်းမဲ့နေတယ်။ အိမ်ကွင်းမှာတော့ ဘိုလော့ဂ်နာအသင်း နိုင်ပွဲနဲ့ ရာသီပိတ်လိမ့်မယ်။
အေစီမီလန် - မွန်ဇာ (မြန်မာစံတော်ချိန် မေလ ၂၅ ရက် နံနက် ၁:၁၅ နာရီ)
အေစီမီလန်က နောက်ဆုံးပွဲမှာ ရိုးမားကို ဂိုးပြတ်ရှုံးခဲ့ပြီး ဥရောပဝင်ခွင့်မျှော်လင့်ချက်လည်း မရှိတော့ဘူး။ တန်းဆင်းခဲ့ပြီ ဖြစ်တဲ့ မွန်ဇာကလည်း စိတ်ပျက်စရာအရမ်းကောင်းပြီး သူတို့ဆီမှာ ဦးတည်ချက်မဲ့တဲ့ ကစားပုံပဲ တွေ့နေရတယ်။ အေစီမီလန် ဂိုးပြတ်နိုင်ပွဲနဲ့ ရာသီသိမ်းမယ်။















