ရီးယဲလ်မက်ဒရစ် - ဆိုစီဒက် (မြန်မာစံတော်ချိန် မေလ ၂၄ ရက် ည ၈:၄၅ နာရီ)
ရီးယဲလ်မက်ဒရစ်က ချန်ပီယံဆုနဲ့ဝေးခဲ့ရပေမဲ့ လူငယ်ကစားသမားတွေကို ပွဲထုတ်ရင်း ဟန်မပျက်ဆက်ကစားနေတယ်။ ပြီးခဲ့တဲ့ ဆီဗီလာနဲ့အဝေးကွင်းပွဲမှာလည်း နိုင်ပွဲရအောင် ကစားထားတယ်။ ဒါကြောင့် လက်ရှိသွားနေတဲ့ ကစားအားနဲ့ဆိုရင် အခုအိမ်ကွင်းမှာ ဆိုစီဒက်ကို အကောင်းဆုံးဆက်ကစားဦးမှာ သေချာတယ်။ ဆိုစီဒက်ကတော့ ဒီရာသီမှာ လူသစ်တွေ၊ လူငယ်တွေနဲ့ ပြန်တည်နေပြီး တစ်ရာသီလုံးလည်း ခြေစွမ်းသိပ်မပြနိုင်ခဲ့ဘူး။ ခြေစွမ်းလည်း အကျပိုင်းရောက်နေလို့ ရီးယဲလ်နဲ့ ဂိုးအနည်းပဲ ရွေးထားရမယ့်ပွဲ ဖြစ်နေတယ်။
လီဟာနက်စ် - ဗယ်လာဒိုလစ် (မြန်မာစံတော်ချိန် မေလ ၂၄ ရက် ည ၁၁:၀၀ နာရီ)
လီဟာနက်စ်ကတော့ တန်းမဆင်းရရေးအတွက် ဒီပွဲကို အနိုင်ကစားဖို့ လိုသလို၊ တစ်ဖက်က အက်စ်ပန်ညိုအသင်းရဲ့ ရလဒ်ကိုလည်း စောင့်ကြည့်ရတော့မယ်။ ပြိုင်ဘက်က ဗယ်လာဒိုလစ်ဆိုတော့ လီဟာနက်စ် အနိုင်မရမှာကို စိတ်မပူရတဲ့ပွဲမျိုး ဖြစ်နေတယ်။ လီဟာနက်စ်နဲ့ ဂိုးအနည်းပါပဲ။
အက်စ်ပန်ညို - လက်စ်ပါမားစ် (မြန်မာစံတော်ချိန် မေလ ၂၄ ရက် ည ၁၁:၀၀ နာရီ)
အက်စ်ပန်ညိုက တန်းမဆင်းရဖို့ ဒီပွဲကနေ မဖြစ်မနေ အမှတ်ရအောင် ယူရတော့မယ်။ ကံကောင်းတာက အိမ်ရှင်ဖြစ်နေ ပြီး ပြိုင်ဘက်ကလည်း တန်းဆင်းသွားတဲ့ လက်စ်ပါမားစ် ဖြစ်နေတယ်။ အက်စ်ပန်ညိုနဲ့ ဂိုးအများကို ပိုကြိုက်နေမိတယ်။
အလာဗတ်စ် - အိုဆာဆူနာ (မြန်မာစံတော်ချိန် မေလ ၂၅ ရက် နံနက် ၁:၃၀ နာရီ)
ဥရောပဝင်ခွင့်အတွက် အိုဆာဆူနာ အမှတ်ရအောင် ကစားရတော့မယ်။ အလာဗတ်စ်ကလည်း အန္တရာယ်ကင်းသွားပြီ ဖြစ်ပြီး အိမ်ကွင်းကောင်းတဲ့အသင်းလည်းဖြစ်တဲ့ အိုဆာဆူနာအတွက် စိုးရိမ်စရာပါ။ သရေကျမယ်။ ဂိုးနည်းမယ်။
ဂီတာဖေး - ဆယ်လ်တာဗီဂို (မြန်မာစံတော်ချိန် မေလ ၂၅ ရက် နံနက် ၁:၃၀ နာရီ)
ဥရောပဝင်ခွင့်အတွက် ဆယ်လ်တာ အမှတ်ပြည့်ရအောင် ကစားရဦးမယ်။ ဂီတာဖေးက အိမ်ကွင်းကောင်းတဲ့အသင်းဖြစ် လို့ ဆယ်လ်တာ မလွယ်လောက်ဘူးထင်တယ်။ ဂိုးအနည်းနဲ့ ဂီတာဖေးကို ရွေးထားရမယ့်ပွဲလို ဖြစ်နေတယ်။
ဗယ်လက်ကာနို - မာယော့ကာ (မြန်မာစံတော်ချိန် မေလ ၂၅ ရက် နံနက် ၁:၃၀ နာရီ)
ဥရောပဝင်ခွင့်ရရေး ဗယ်လက်ကာနို အားထုတ်မှု ပိုအားကောင်းလာနေတယ်။ အခုပွဲကိုလည်း အိမ်ကွင်းမှာ ကစားရမှာ ဆိုတော့ ကစားပုံပိုကောင်းလာနိုင်တယ်။ မာယော့ကာက အမှတ်မလိုတော့လို့ အိမ်ရှင်နဲ့ ဂိုးအနည်းပဲ ရွေးထားရတော့မယ်။















