ရှက်ဖီးယူနိုက်တက် - ဆန်းဒါးလန်း (မြန်မာစံတော်ချိန် မေလ ၂၄ ရက် ည ၈:၃၁ နာရီ)
ရှက်ဖီးယူနိုက်တက်အသင်းက ပရီးမီးယားလိဂ်ကို ချက်ချင်းတန်းပြန်တက်ခွင့်နဲ့ ဆန်းဒါးလန်းအသင်းက ရှစ်နှစ်အတွင်း ပထမဆုံးအကြိမ် တန်းတက်ခွင့်အတွက် ကစားကြမှာ ဖြစ်ပါတယ်။ ပုံမှန်ရာသီအတွင်း တွေ့ဆုံမှုမှာလည်း သူ့ကွင်း ကိုယ့်ကွင်း အပြန်အလှန် အနိုင်ယူထားခဲ့တယ်။ အမှတ်ပေးဇယားရပ်တည်မှု အဆင့်(၃)နဲ့ (၄)ကြား အမှတ်ကွာခြားမှု များခဲ့ပေမဲ့ ဆန်းဒါးလန်းက ရာသီအဆုံးသတ်ပိုင်းမှာ သိပ်အားမစိုက်တော့လို့ အမှတ်ပြတ်သွားခဲ့တာပါ။ လက်ရှိမှာ ရှက်ဖီးယူ နိုက်တက်အသင်းက ပိုအလေးသာတဲ့အသင်း ဖြစ်ပေမဲ့ ဆန်းဒါးလန်းကို အရဲစွန့်ရွေးချယ်ချင်တယ်။















