အာဆင်နယ်အသင်းသည် အသင်းတောင်ပံကစားသမား ထရိုဆက်ဒ်ကို သက်တမ်းတိုးရန် ဆွေးနွေးနေကြောင်း သိရသည်။
ဘယ်လ်ဂျီယံလက်ရွေးစင်တောင်ပံကစားသမား ထရိုဆက်ဒ်သည် အာဆင်နယ်အသင်းနှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသူဖြစ်သည်။
လက်ရှိတွင် ဆော်ဒီကလပ်အသင်းများက ၎င်းကို ခေါ်ယူရန် စိတ်ဝင်စားနေကြကြောင်း သိရှိရသည်။
အာဆင်နယ်အသင်းသည် မူလက ထရိုဆက်ဒ်အား ရောင်းထုတ်ရန် စီစဉ်ထားသော်လည်း အားကစားဒါရိုက်တာသစ် အန်ဒရီယာဘာတာ ရောက်ရှိလာပြီးနောက် သက်တမ်းတိုးစာချုပ်သစ်ချုပ်ဆိုရန် ဆွေးနွေးနေခြင်းဖြစ်ကြောင်း သိရသည်။
အသက် (၃၀) အရွယ်ရှိ ထရိုဆက်ဒ်သည် ယခုရာသီတွင် အာဆင်နယ်အသင်းအတွက် ယခုရာသီ ပြိုင်ပွဲစုံ (၅၅) ပွဲတွင် (၁၀) ဂိုး သွင်းယူထားသည်။















