■ ရီးယဲလ်မက်ဒရစ်အသင်းနှင့် လမ်းခွဲရန် အရန်အသင်းနည်းပြ ရာအူးလ် စီစဉ်     

■ ရီးယဲလ်မက်ဒရစ်အသင်းနှင့် လမ်းခွဲရန် အရန်အသင်းနည်းပြ ရာအူးလ် စီစဉ်     
Published 23 May 2025

ရီးယဲလ်မက်ဒရစ်အရန်အသင်းနည်းပြအဖြစ် ဆောင်ရွက်နေသည့် တိုက်စစ်မှူးဟောင်း ရာအူးလ်သည် အသင်းနှင့် လမ်းခွဲရန် စီစဉ်နေကြောင်း သိရသည်။ 

ရာအူးလ်သည် ရီးယဲလ်အရန်အသင်းကို ၂၀၁၉ ခုနှစ်ကတည်းက ကိုင်တွယ်ခဲ့ခြင်းဖြစ်သည်။ 

၎င်းသည် ရီးယဲလ်အသင်းကြီး၏ နည်းပြဖြစ်လာရန် မျှော်လင့်ခဲ့သော်လည်း အခွင့်အရေး မရသည့်အတွက် လမ်းခွဲရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။ 

ရာအူးလ်(၄၇ နှစ်)သည် ရီးယဲလ်အသင်းအတွက် ဂိုးပေါင်း(၃၂၃)ဂိုး သွင်းယူပေးခဲ့သည့် ဂန္ထဝင်စာရင်းဝင်တိုက်စစ်မှူးတစ်ဦးဖြစ်သည်။

Most Read

Most Recent