■ မိမိ၏ နည်းပြဘဝသက်တမ်းတစ်လျှောက်လုံးတွင် ယခုတစ်ကြိမ်လောက် ဂုဏ်ယူစရာကောင်းသည့်အချိန် မရှိခဲ့ဟု ပိုစတီကိုဂလူး ပြောကြား     

■ မိမိ၏ နည်းပြဘဝသက်တမ်းတစ်လျှောက်လုံးတွင် ယခုတစ်ကြိမ်လောက် ဂုဏ်ယူစရာကောင်းသည့်အချိန် မရှိခဲ့ဟု ပိုစတီကိုဂလူး ပြောကြား     
Published 23 May 2025

၂၀၂၅ ယူရိုပါလိဂ်ပြိုင်ပွဲ ချန်ပီယံ စပါးအသင်း၏ နည်းပြဖြစ်သူ အန့်ဂျ်ပိုစတီကိုဂလူးက မိမိ၏နည်းပြဘဝတစ်လျှောက်လုံးတွင် ယခုအောင်မြင်မှုလောက် ဂုဏ်ယူစရာကောင်းသည့် အောင်မြင်မှု မရှိခဲ့ဖူးကြောင်း ပြောကြားခဲ့သည်။

    

သြစတြေးလျသားနည်းပြတစ်ဦးဖြစ်သူ ပိုစတီကိုဂလူးသည် ဗိုုလ်လုပွဲအပြီး ကစားသမားနှင့် ၎င်းတို့၏ မိသားစုဝင်များနှင့်အတူ ပါတီပွဲကျင်းပပြုလုပ်ခဲ့ပြီး ယင်းပါတီပွဲတွင် စိတ်ခံစားမှုကို ပေါ်လွင်စေသည့် မိ်န့်ခွန်းကို ပြောကြားသွားခဲ့ခြင်းဖြစ်သည်။ 

၎င်းက "ကျွန်တော် ဒီရာသီမှာ အရမ်းအရေးကြီးတာ တစ်ခုကို လုပ်ခဲ့ပြီး အဲဒါကတော့ ကျွန်တော်တို့အသင်းကို မိသားစုကြီးတစ်ခုပုံစံ ဖန်တီးခဲ့တာပါ။ မိသားစုဆိုတာ ဘယ်လောက်အရေးကြီးသလဲဆိုတာ ခင်ဗျားတို့  အားလုံးသိတယ်မဟုတ်လား။ ကျွန်တော့်အသင်းက ကစားသမားတွေ၊ နည်းပြအဖွဲ့ဝင်တွေ၊ ကွင်းဝန်ထမ်းတွေအားလုံးအတွက် ကျွန်တော် အရမ်းဂုဏ်ယူပါတယ်။ ကျွန်တော်တို့ဟာ မိသားစုကြီးတစ်ခုဖြစ်ခဲ့ပါတယ်။ ကျွန်တော် အလုပ်လုပ်ခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာ အကောင်းဆုံး မိသားစုကြီးတစ်ခုကို တည်ဆောက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ နည်းပြဘဝသက်တမ်းတစ်လျှောက် ဒီအောင်မြင်မှုလောက် ဂုဏ်ယူရတာ မရှိပါဘူး။ ပိုပြီး အရေးကြီးတာကတော့ ဒီအခန်းထဲမှာရှိတဲ့ မိသားစုဝင်တွေအားလုံးပါ။ ကောင်လေးတွေကို ချန်ပီယံတွေဖြစ်လာအောင် မိသားစုတိုင်းက အရမ်းအထောက်အကူ ဖြစ်ပါတယ်။ အရမ်းကို ထိုက်တန်ခဲ့ပါတယ်။ မိသားစုဝင်တွေအားလုံးဟာ ကျွန်တော့်ကစားသမားတွေကို ကစားသမားကောင်းတင်မဟုတ်ဘဲ လူကောင်းတွေ ဖြစ်လာဖို့အတွက်ပါ ကူညီပေးခဲ့ပါတယ်"ဟုလည်း ပြောကြား ခဲ့သည်။

ပိုစတီကိုဂလူးအား ဗိုလ်လုပွဲတွင် တိုက်စစ်ကစားပုံကို စွန့်ခွာခဲ့ခြင်းနှင့် ပတ်သက်၍ ဂျာနယ်လစ်များက မေးမြန်းခဲ့ကြပြီး ၎င်းက "ကျွန်တော် အမြဲတမ်း ရှုံးထွက်လို ပြိုင်ပွဲအမျိုးအစားတွေအပေါ်မှာ မတူညီတဲ့အမြင်ရှိပါတယ်။ လိဂ်ပြိုင်ပွဲမှာ ယှဉ် ပြိုင်ကစားတဲ့ပုံစံနဲ့ ချဉ်းကပ်ပုံ မတူညီနိုင်ပါဘူး"ဟုလည်း ပြောကြားခဲ့သည်။ 

Most Read

Most Recent