■ လီဗာပူးလ်အသင်း၏ အောင်ပွဲခံအခမ်းအနားတွင် အလန်ဟန်ဆန် ပါဝင်မည်

■ လီဗာပူးလ်အသင်း၏ အောင်ပွဲခံအခမ်းအနားတွင် အလန်ဟန်ဆန် ပါဝင်မည်
Published 23 May 2025

လီဗာပူးလ်အသင်းသည် လာမည့်တနင်္ဂနွေနေ့တွင် အန်ဖီးလ်ကွင်း၌ ပရီးမီးယားလိဂ်ချန်ပီယံဆုနှင့်အတူ အောင်ပွဲခံ အခမ်းအနား ပြုလုပ်မည်ဖြစ်ရာ အသင်းခေါင်းဆောင်ဟောင်း အလန်ဟန်ဆန်လည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ 

အလန်ဟန်ဆန်သည် ၁၉၈၅ မှ ၁၉၉၀ အတွင်း လီဗာပူးလ်အသင်းခေါင်းဆောင်အဖြစ် ဆောင်ရွက်ခဲ့သူဖြစ်ပြီး ချန်ပီယံ လိဂ်ဖလား(၃)ကြိမ်၊ အမှတ်ပေးချန်ပီယံဆု(၈)ကြိမ် ရယူနိုင်ခဲ့သူဖြစ်သည်။ 

၎င်းသည် လာမည့်အောင်ပွဲခံအခမ်းအနား၌ ပရီးမီးယားလိဂ်ချန်ပီယံဆုကို လက်ရှိအသင်းခေါင်းဆောင် ဗန်ဒိုက်ထံ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။ 

လီဗာပူးလ်အသင်းသည် ၂၀၁၉-၂၀ ရာသီတွင် ကိုဗစ်ကပ်ဘေးကြောင့် ပရိသတ်မပါဘဲ အောင်ပွဲခံခဲ့ရသည်။

Most Read

Most Recent