ရီးယဲလ်မက်ဒရစ်အသင်းသည် လာမည့်တနင်္လာနေ့တွင် အလွန်ဆိုကို နည်းပြသစ်အဖြစ် အတည်ပြုခန့်အပ်မည်ဖြစ်ကြောင်း သိရသည်။
ရီးယဲလ်အသင်းသည် လက်ရှိနည်းပြ အန်ဆယ်လော့တီနှင့် လမ်းခွဲတော့မည်ဟု အတည်ပြုထားပြီးဖြစ်ပြီး အလွန်ဆိုမှာလည်း လေဗာကူဆင်အသင်းနှင့် လမ်းခွဲတော့မည်ဟု အတည်ပြုထားပြီးဖြစ်သည်။
ရီးယဲလ်အသင်းက အလွန်ဆိုကို နည်းပြသစ်အဖြစ် ခန့်အပ်မည်ဟု သတင်းများထွက်ပေါ်နေပြီးဖြစ်သော်လည်း မေလ(၂၆)ရက်(တနင်္လာနေ့)မှသာ တရားဝင်လက်မှတ်ရေးထိုးကာ ပရိသတ်များနှင့် မိတ်ဆက်ပွဲ ပြုလုပ်သွားရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။
ရီးယဲလ်အသင်းသည် အလွန်ဆိုကို ၂၀၂၈ ခုနှစ်အထိ (၃)နှစ်စာချုပ် ချုပ်ဆိုမည်ဟု သိရသည်။
အလွန်ဆိုသည် ၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ရီးယဲလ်မက်ဒရစ်အသင်းကို စတင်ကိုင်တွယ်သွားမည်ဖြစ်ကြောင်း သိရသည်။















