■ ယနေ့ည ကစားမည့် ဥရောပဘောလုံးပွဲစဉ်များ ပွဲကြိုသုံးသပ်ချက် 

■ ယနေ့ည ကစားမည့် ဥရောပဘောလုံးပွဲစဉ်များ ပွဲကြိုသုံးသပ်ချက် 
Photo: Getty Images
Photo: Getty Images
Published 23 May 2025

■  လာလီဂါပွဲစဉ် (၃၈) ပွဲကြိုသုံးသပ်ချက် 

ဘက်တစ် - ဗလင်စီယာ (မြန်မာစံတော်ချိန် မေလ ၂၄ ရက် နံနက် ၁:၃၀ နာရီ)

ဘက်တစ်က ယူရိုပါကွန်းဖရန့်လိဂ်ဗိုလ်လုပွဲအတွက် အားမွေးမယ့်ပွဲပါပဲ။ ယူရိုပါလိဂ်ဝင်ခွင့်တစ်နေရာလည်း သေချာနေပြီဖြစ်လို့ ဘက်တစ် အေးအေးဆေးဆေးပဲ ကစားသွားဖို့ များတယ်။ ဗလင်စီယာကလည်း ဖိအားကင်းကင်းကစားနေနိုင်ပြီဖြစ်လို့ ဘက်တစ်ကို သက်သောင့်သက်သာနဲ့ပဲ ရင်ဆိုင်သွားဖို့ များနေတယ်။ နှစ်သင်းစလုံး သိပ်ပြီးတော့ အားထုတ်စရာ မရှိတော့လို့ ဂိုးအနည်းသရေပွဲနဲ့ပဲ အဆုံးသတ်သွားမယ်ထင်တယ်။



■ စီးရီးအေပွဲစဉ် (၃၈)  ပွဲကြိုသုံးသပ်ချက် 

ကိုမို - အင်တာမီလန် (မြန်မာစံတော်ချိန် မေလ ၂၄ ရက် နံနက် ၁:၁၅ နာရီ)

ကိုမိုက ပုံစံကောင်းပြနေတဲ့အသင်းဖြစ်ပြီး အမှတ်ပေးဇယားမှာ မြင့်သထက်မြင့်အောင် ကြိုးစားနေတဲ့အသင်းဖြစ်တယ်။ နည်းပြ ဖာဘရီဂတ်စ်ရဲ့အသင်းက နောက်ဆုံးပွဲမှာသရေကျခဲ့ပေမဲ့ အကောင်းဆုံးပုံစံမှာ ရှိနေဆဲပါပဲ။ အင်တာမီလန်ကတော့ နောက်ဆုံးပွဲမှာ လာဇီယိုကို သရေကျခဲ့လို့ ချန်ပီယံမျှော်လင့်ချက်အတွက် ဖိအားဝင်ခဲ့ရပြီ။ ဒါပေမဲ့ လက်ကျန်မျှော်လင့်ချက်အတွက် နောက်ဆုံးအချိန်ထိ ကြိုးစားမယ့် အင်တာမီလန်အသင်း ကပ်နိုင်ဖို့တော့ ရှိပါတယ်။



နာပိုလီ - ကာဂလီယာရီ (မြန်မာစံတော်ချိန် မေလ ၂၄ ရက် နံနက် ၁:၁၅ နာရီ)

နာပိုလီက ဒီပွဲအနိုင်ရတာနဲ့ စီးရီးအေချန်ပီယံဖြစ်ပါပြီ။ နောက်ဆုံး (၂)ပွဲဆက် ရမှတ်လေလွင့်ခဲ့ပေမဲ့ အင်တာမီလန် ခြေချော်ခဲ့တာကြောင့် ချန်ပီယံမျှော်လင့်ချက်ကို သူတို့လက်ထဲမှာ ဆုတ်ကိုင်ထားနိုင်ဆဲပါပဲ။ ဒါကြောင့်လည်း နည်းပြ ကွန် တီရဲ့ နာပိုလီအသင်း ဒီပွဲမှာ အင်အားအပြည့်နဲ့ ရလဒ်ကောင်း တစ်ခုရယူနိုင်ဖို့ ကြိုးစားလိမ့်မယ်။ ကာဂလီယာရီကတော့ တန်းဆင်းအန္တရာယ်မရှိတော့သလို၊ ဘာမျှော်လင့်ချက်မှလည်း မရှိပါဘူး။ နေပယ်မှာ နာပိုလီအသင်း ဂိုးပြတ်နိုင်ပွဲနဲ့အတူ ချန်ပီယံဆုကို ရယူလိမ့်မယ်။

Most Read

Most Recent