ဒီဘရိုင်းနားအား ထွက်ခွာခွင့်ပေးခဲ့သည့် မန်စီးတီးအသင်း၏လုပ်ရပ်ကို အသင်းနောက်ခံလူဟောင်း မီကာရစ်ချက် ဝေဖန်

ဒီဘရိုင်းနားအား ထွက်ခွာခွင့်ပေးခဲ့သည့် မန်စီးတီးအသင်း၏လုပ်ရပ်ကို အသင်းနောက်ခံလူဟောင်း မီကာရစ်ချက် ဝေဖန်
Photo: Getty Images
Photo: Getty Images
Published 22 May 2025

ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေသည့် မန်စီးတီးနောက်ခံလူဟောင်း မီကာရစ်ချက်က ဒီဘရိုင်းနားအား ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ထွက်ခွာခွင့်ပေးခဲ့သည့် အသင်း၏လုပ်ရပ်ကို ဝေဖန်ပြောကြားခဲ့သည်။

ဒီဘရိုင်းနား (၃၃ နှစ်)သည် ယခုရာသီကုန်တွင် မန်စီးတီးအသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်ပြီး အသင်းဘက်က စာချုပ်သက်တမ်းတိုးရန် ကမ်းလှမ်းခြင်းမရှိသည့်အတွက် လာမည့်နွေတွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ထွက်ခွာရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ဒီဘရိုင်းနားသည် မန်စီးတီးအသင်းတွင် ဆယ်စုနှစ်တစ်ခုကြာကစားခဲ့ပြီး အဓိကကစားသမားအဖြစ် ခြေစွမ်းပြခဲ့သူဖြစ်ကာ လက်ရှိအချိ်န်အထိ ခြေစွမ်းပြနေသူဖြစ်သည်။

ထို့ကြောင့် မီကာရစ်ချက်က ဒီဘရိုင်းနားအား ထွက်ခွာခွင့်ပေးခဲ့သည့် အသင်း၏လုပ်ရပ်ကို ဝေဖန်ပြောကြားခဲ့ခြင်းဖြစ်သည်။

မီကာရစ်ချက်က ''ကျွန်တော့်ရဲ့ တစ်ဦးတည်းအမြင်ကို ပြောရမယ်ဆိုရင် မန်စီးတီးအသင်းကနေ ဒီဘရိုင်းနား ထွက်သွားတဲ့အပေါ် စိတ်မကောင်း ဖြစ်မိပါတယ်။ ဒီဘရိုင်းနားလို ကစားသမားမျိုးကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ ထွက်ခွာခွင့်ပေးခဲ့တဲ့ လုပ်ရပ်ဟာ မမှန်ကန်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ ဒီဘရိုင်းနားအနေနဲ့ အသင်းအတွက် အများကြီးစွမ်းဆောင်နိုင်ဦးမယ်ထင်ပါတယ်။ ဒါပေမဲ့ မန်စီးတီးအသင်းက သူ့ကို အသင်းကနေ ထွက်ခွာခွင့်ပေးလိုက်တယ်။ ဒါက မှန်ကန်တဲ့ လုပ်ရပ်လို့ ကျွန်တော် မထင်ပါဘူး''ဟု ပြောကြားခဲ့သည်။

 

Most Read

Most Recent