နာပိုလီဘုတ်အဖွဲ့နှင့် အဆင်မပြေဖြစ်နေသည့် ကွန်တီ လာမည့်ရာသီတွင် ဂျူဗင်တပ်စ်အသင်းကို ပြန်လည်ကိုင်တွယ်လိုနေကြောင်း သတင်းထွက်

နာပိုလီဘုတ်အဖွဲ့နှင့် အဆင်မပြေဖြစ်နေသည့် ကွန်တီ လာမည့်ရာသီတွင် ဂျူဗင်တပ်စ်အသင်းကို ပြန်လည်ကိုင်တွယ်လိုနေကြောင်း သတင်းထွက်
Photo: Getty Images
Photo: Getty Images
Published 22 May 2025

နာပိုလီနည်းပြ ကွန်တီသည် အသင်းဘုတ်အဖွဲ့နှင့် ဆက်ဆံရေးအဆင်မပြေဖြစ်နေသည့်အတွက် ယခုရာသီကုန်တွင် အသင်းမှထွက်ခွာပြီး လာမည့်ရာသီတွင် ဂျူဗင်တပ်စ်အသင်းကို ပြန်လည်ကိုင်တွယ်လိုနေကြောင်း သတင်းထွက်ပေါ်နေသည်။

ကွန်တီသည် ယခုရာသီအစကမှ နာပိုလီအသင်းကို ၂၀၂၇ ခုနှစ်အထိ သက်တမ်းရှိစာချုပ်တစ်ရပ်ဖြင့် စတင်ကိုင်တွယ်ခဲ့သူဖြစ်သည်။

နာပိုလီအသင်းသည် ကွန်တီ၏ဦးဆောင်မှုဖြင့် စီးရီးအေချန်ပီယံဆုနှင့်လက်တစ်ကမ်းအကွာကို ရောက်ရှိနေပြီး မေလ (၂၃)ရက် ကစားမည့် ကာဂလီယာရီနှင့်ပွဲတွင် အနိုင်ရပါက စီးရီးအေချန်ပီယံဆု ရယူနိုင်မည်ဖြစ်သည်။

သို့သော် ကွန်တီနှင့် နာပိုလီဘုတ်အဖွဲ့တို့အကြား ဆက်ဆံရေးမှာ အဆိုးရွားဆုံးအခြေအနေသို့ ရောက်ရှိနေပြီး ၎င်းအနေဖြင့် ရာသီအကုန်တွင် အသင်းမှထွက်ခွာဖွယ်ရှိနေကြောင်း သိရသည်။

Sportitalia ၏ဖော်ပြမှုအရ ကွန်တီသည် နာပိုလီအသင်းနှင့်လမ်းခွဲပြီးပါက အသင်းဟောင်း ဂျူဗင်တပ်စ်ကို ပြန်လည်ကိုင်တွယ်လိုနေကြောင်း သိရှိရသည်။

ကွန်တီအနေဖြင့် နာပိုလီအသင်းနှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသော်လည်း အဆင်မပြေပါက ဖျက်သိမ်းခွင့်ရှိကြောင်း သိရသည်။

ကွန်တီသည် ဂျူဗင်တပ်စ်ကို ၂၀၁၁ ခုနှစ်မှ ၂၀၁၄ အထိ ကိုင်တွယ်ခဲ့ဖူးပြီး ဖလား (၅) လုံး ရရှိခဲ့သည်။

 

Most Read

Most Recent