လီဗာပူးလ်အသင်း၏ တိုက်စစ်ကစားသမား ဆာလာက Ballon d'Or ဆု ရရှိလိုသည်ဟု ဝန်ခံပြောကြားခဲ့သည်။
ဆာလာသည် ယခုရာသီတွင် စွမ်းဆောင်ရည်ကောင်းပြသနေသောကြောင့် Ballon d'Or ဆုအတွက် ရေပန်းစားနေသူတစ်ဦးဖြစ်သည်။
ယင်းအတွက် မေးမြန်းခဲ့ရာ ၎င်းက တစ်နေ့နေ့တွင် အဆိုပါဆုကို ရရှိလိုကြောင်းနှင့် ယခုနှစ်၌ အခွင့်အရေးကောင်းရှိနေသည့်အတွက် စောင့်ကြည့်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
၂၀၂၅ Ballon d'Or ဆုအတွက် ဆာလာအပြင် အူစမန်ဒမ်ဘီလီ၊ ယမားလ်၊ ရာဖင်ညာ၊ လော်တာရိုမာတီနက်ဇ်တို့လည်း ရေပန်းစားလျက်ရှိသည်။
ဆာလာသည် ယခုရာသီအတွင်း အကောင်းဆုံးခြေစွမ်း ပြသခဲ့ပြီး ပြိုင်ပွဲစုံ ၅၁ ပွဲကစားကာ ၃၃ ဂိုးအထိ သွင်းယူခဲ့သည်။
ထို့ပြင် ရာသီအတွင်းတွင် တစ်ဦးချင်းစံချိန်များစွာကိုလည်း ပိုင်ဆိုင်ခဲ့ကြောင်း သိရသည်။















