စီးရီးအေထိပ်သီး အင်တာမီလန်အသင်းသည် မန်ယူနိုက်တက်တိုက်စစ်ကစားသမား ဇက်ဇီအား ယူရို (၃၅) သန်းဖြင့် ကမ်းလှမ်းရန် စီစဉ်နေကြောင်း သိရသည်။
အသက် (၂၃) နှစ်အရွယ်ရှိ နယ်သာလန်လက်ရွေးစင်တိုက်စစ်ကစားသမား ဇက်ဇီသည် ပြီးခဲ့သည့် ၂၀၂၄ နွေရာသီကမှ ဘိုလော့ဂ်နာအသင်းမှ မန်ယူနိုက်တက်အသင်းထံသို့ ယူရို (၄၂.၅) သန်းဖြင့် ရောက်ရှိလာသူဖြစ်သည်။
သို့သော် ဇက်ဇီသည် မန်ယူနိုက်တက်အသင်းတွင် ခြေစွမ်းပြနိုင်ရန် ရုန်းကန်ရနေပြီး ယခုရာသီ ပြိုင်ပွဲစုံ (၄၉) ပွဲတွင် (၇) ဂိုးသာ သွင်းယူနိုင်ခဲ့သည်။
သို့သော် စီးရီးအေထိပ်သီးအသင်းများဖြစ်သည့် အင်တာမီလန်နှင့် နာပိုလီအသင်းတို့သည် ဇက်ဇီကို ခေါ်ယူရန် စိတ်ဝင်စားနေကြပြီး ယခုအခါ အင်တာမီလန်အသင်းက လက်ဦးမှုရယူကာ ကမ်းလှမ်းရန် စီစဉ်နေခြင်းဖြစ်သည်။
အီတလီမီဒီယာများ၏ဖော်ပြမှုအရ အင်တာမီလန်အသင်းသည် ဇက်ဇီအား ပြောင်းရွှေ့ကြေး ယူရို (၃၅) သန်း+ ဆုကြေးဖြင့် ကမ်းလှမ်းရန် စီစဉ်နေကြောင်း သိရှိရသည်။
အင်တာမီလန်အသင်းသည် ဇက်ဇီအား မန်ယူနိုက်တက်အသင်းတွင် ရရှိနေသည့် တစ်နှစ်လစာ ယူရို (၃.၅) သန်း ပေးချေရန်လည်း အသင့်ရှိနေကြောင်း သိရသည်။















