■ သီယိုဟာနန်ဒက်ဇ်အား ယူရိုသန်း (၄၀) ရလျှင် အေစီမီလန်အသင်း ရောင်းချမည်

■ သီယိုဟာနန်ဒက်ဇ်အား ယူရိုသန်း (၄၀) ရလျှင် အေစီမီလန်အသင်း ရောင်းချမည်
Published 16 May 2025

အေစီမီလန်အသင်းသည် အသင်းနောက်ခံကစားသမား သီယိုဟာနန်ဒက်ဇ်အား လာမည့်နွေရာသီတွင် ပေါင်သန်း (၄၀) ဖြင့် ရောင်းချမည်ဖြစ်ကြောင်း သိရသည်။ 

အသက် (၂၇) နှစ်အရွယ်ရှိ ပြင်သစ်လက်ရွေးစင်နောက်ခံကစားသမား သီယိုဟာနန်ဒက်ဇ်သည် အေစီမီလန်အသင်းနှင့် စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့ပြီး အသင်းဘက်က စာချုပ်သက်တမ်းတိုးရန် ကမ်းလှမ်းမှုကို ငြင်းပယ်ထားကြောင်း သိရသည်။ 

ထို့ကြောင့် အေစီမီလန်အသင်းသည် သီယိုဟာနန်ဒက်ဇ်အား ပြောင်းရွှေ့ကြေး ရနိုင်သည့် လာမည့်နွေရာသီတွင် ရောင်းထုတ်ရန် စီစဉ်လာခြင်းဖြစ်သည်။ 

အီတလီမီဒီယာများ၏ ဖော်ပြချက်အရ အေစီမီလန်အသင်းသည် လာမည့်နွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် သီယိုဟာနန်ဒက်ဇ်အတွက် ယူရိုသန်း (၄၀) ဖြင့် ကမ်းလှမ်းမှုများကို လက်ခံစဉ်းစားသွားမည်ဖြစ်ကြောင်း သိရသည်။ 

လက်ရှိတွင် သီယိုဟာနန်ဒက်ဇ်အား ခေါ်ယူရန် ပရီးမီးယားလိဂ်ထိပ်သီးများဖြစ်သည့် မန်ယူနိုက်တက်နှင့် ချယ်လ်ဆီးအသင်းတို့ စိတ်ဝင်စားနေသလို၊ စီးရီးအေကလပ် ကိုမိုအသင်းကလည်း စိတ်ဝင်စားနေကြောင်း သိရသည်။ 

သီယိုဟာနန်ဒက်ဇ်သည် ယခုရာသီတွင် အေစီမီလန်အသင်းအတွက် ပြိုင်ပွဲစုံ (၄၉) ပွဲတွင် (၅) ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၆) ကြိမ် ပြုလုပ်ထားသည်။ 

Most Read

Most Recent