မာဆေးလ် - ရန်းစ် (မြန်မာစံတော်ချိန် မေလ ၁၈ ရက် နံနက် ၁:၃၀ နာရီ)
မာဆေးလ်က ချန်ပီယံလိဂ်ဝင်ခွင့် သေချာသွားပြီဆိုပေမဲ့ အဆင့် (၂)နေရာအတွက် မသေချာသေးဘူး။ ရန်းစ်က အထက် မရောက်အောက်မရောက်အသင်းပါ။ မာဆေးလ်ကို ကြိုက်တယ်။
လိုင်ယွန် - အန်ဂါစ် (မြန်မာစံတော်ချိန် မေလ ၁၈ ရက် နံနက် ၁:၃၀ နာရီ)
ရလဒ်ဆိုးတွေနဲ့ လိုင်ယွန်က ဥရောပဝင်ခွင့်တောင် မသေချာတော့ပါဘူး။ ဒါပေမဲ့ အိမ်ကွင်းပရိသတ်ရှေ့မှာ လိုင်ယွန်အသင်း အနိုင်နဲ့ ပိတ်သိမ်းလိမ့်မယ်။
နိုက်စ် - ဘရက်စ် (မြန်မာစံတော်ချိန် မေလ ၁၈ ရက် နံနက် ၁:၃၀ နာရီ)
နိုက်စ်က ချန်ပီယံလိဂ် Play-off ဝင်ခွင့် အဆင့်(၄) နေရာအတွက် အကောင်းဆုံးအခြေအနေကို ပိုင်ဆိုင်နေပြီ။ ဒါပေမဲ့ ပြိုင်ဘက်က ဘရက်စ်ဖြစ်နေလို့ နိုက်စ်အသင်းအနေနဲ့ ပေါ့ဆလို့တော့ မရဘူး။ ဘရက်စ်က နောက်ဆုံး(၂)ပွဲဆက် ရ လဒ်ကောင်းတွေရယူပြီး လိုင်လီလို အသင်းကိုတောင် အနိုင်ကစားခဲ့တယ်။ ဒါကြောင့် ဒီပွဲမှာလည်း နိုက်စ်ကို ဒုက္ခပေးဖို့ ကြိုးစားလိမ့်မယ်။ နိုက်စ်အသင်းအနေနဲ့ အထမလေးဖို့လိုအပ်နေပြီး ပုံစံကောင်းတစ်ခုကို ပြသနိုင်ဖို့ ကြိုးစားရမယ့်ပွဲလည်း ဖြစ်တယ်။ အိမ်ကွင်းလည်းဖြစ်လို့ အသည်းအသန်ကစားပြီး နိုက်စ် ကပ်နိုင်သွားလိမ့်မယ်။
စိန့်အက်တီယန် - တူးလူး (မြန်မာစံတော်ချိန် မေလ ၁၈ ရက် နံနက် ၁:၃၀ နာရီ)
စိန့်အက်တီယန်က လီဂူးမှာ ရှင်သန်နိုင်ဖို့မျှော်လင့်ချက်အတွက် မဖြစ်မနေနိုင်ပွဲလိုအပ်နေတယ်။ တူးလူးက အမှတ်လိုအပ်ချက်မရှိလို့ အိမ်ရှင်နဲ့ ရပ်တည်သင့်တယ်။
လိုင်လီ - Reims (မြန်မာစံတော်ချိန် မေလ ၁၈ ရက် နံနက် ၁:၃၀ နာရီ)
လိုင်လီက ဘရက်စ်ရဲ့ ခြေချော်မှုကို စောင့်ရမှာဖြစ်ပေမဲ့ ကိုယ့်အလုပ်ကို အကောင်းဆုံးလုပ်ထားဖို့ လိုအပ်နေတယ်။ Reims က အားနည်းချက်တွေ များပါတယ်။ လိုင်လီအသင်း ရသလောက် ဂိုးသွင်းလိမ့်မယ်။
စထရာဘိုး - လူအယ်ဗာ (မြန်မာစံတော်ချိန် မေလ ၁၈ ရက် နံနက် ၁:၃၀ နာရီ)
စထရာဘိုးက ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်နိုင်ပေမဲ့ သိပ်မဖြစ်နိုင်တော့ပါဘူး။ လူအယ်ဗာရဲ့ ရုန်းအားကြောင့် မထင်မှတ်ဘဲ စထရာဘိုး ခက်ခဲသွားနိုင်တယ်။ လူအယ်ဗာကို ကြိုက်တယ်။
နန့်စ် - မောင့်ပယ်လီယာ (မြန်မာစံတော်ချိန် မေလ ၁၈ ရက် နံနက် ၁:၃၀ နာရီ)
နန့်စ်က ဒီပွဲနိုင်တာနဲ့ တန်းဆင်းဇုန်က လွတ်ပါပြီ။ တန်းဆင်းခဲ့ပြီဖြစ်တဲ့ မောင့်ပယ်လီယာက ညံ့လွန်းပါတယ်။ နန့််စ် ဂိုးပြတ်သွင်းမယ်။
လန်းစ် - မိုနာကို (မြန်မာစံတော်ချိန် မေလ ၁၈ ရက် နံနက် ၁:၃၀ နာရီ)
မိုနာကိုက နောက်ဆုံးပွဲမှာ လိုင်ယွန်ကို ဂိုးပြတ်သွင်းပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့တယ်။ ဒါပေမဲ့ ဒီပွဲတော့ အိမ်ကွင်းမှာ ရ လဒ်ကောင်းဖို့ ကြိုးစားမယ့် လန်းစ်ကို ကြိုက်တယ်။
PSG - အော်ဇေး (မြန်မာစံတော်ချိန် မေလ ၁၈ ရက် နံနက် ၁:၃၀ နာရီ)
PSG က နောက်ဆုံးပွဲမှာ မောင့်ပယ်လီယာကို အရန်ကစားသမားတွေနဲ့ ဂိုးပြတ်နိုင်ခဲ့တယ်။ အိမ်ကွင်းမှာ PSG အသင်း အနိုင်နဲ့ ပိတ်သိမ်းဦးမှာပါ။















