လိုက်ပ်ဇစ် - စတုဂတ် (မြန်မာစံတော်ချိန် မေလ ၁၇ ရက် ည ၈:၀၀ နာရီ)
လိုက်ပ်ဇစ်အနေနဲ့ ယူရိုပါလိဂ်မျှော်လင့်ချက်ရှိနေပေမဲ့ လက်ရှိပုံစံအတိုင်းဆို ကွန်းဖရန့်လိဂ်ပဲ ဝင်ဖို့များတယ်။ အိမ်ကွင်းမှာ လိုက်ပ်ဇစ် အနိုင်ကစားဖို့များပါတယ်။
ဒေါ့မွန် - ဟော်စတိုင်ကီလ် (မြန်မာစံတော်ချိန် မေလ ၁၇ ရက် ည ၈:၀၀ နာရီ)
ဖရိုင်းဘတ်-ဖရန့်ဖတ်ပွဲရလဒ်ကို ဒေါ့မွန်အသင်း ထည့်သွင်းစဉ်းစားဖို့မလိုဘဲ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရှိတဲ့ အနေ အထားပါ။ နှစ်ဂိုးလောက်ပြတ်ထားရင် စိတ်ချရနိုင်တဲ့ အခြေအနေမှာ ရှိပါတယ်။ ဟော်စတိုင်ကီလ်ကတော့ ပြီးခဲ့တဲ့ပွဲစဉ်မှာ တန်းဆင်းထားတဲ့အသင်းပါ။ ဒေါ့မွန်ရဲ့လက်ရှိခြေစွမ်းကလည်း ပြိုင်ဘက်တိုင်းကို အနိုင်ယူနိုင်စွမ်း ရှိနေတယ်။ ဒေါ့မွန်ကိုပဲ ရွေးချယ်ချင်တယ်။
ဟော်ဖန်ဟင်မ် - ဘိုင်ယန်မြူးနစ် (မြန်မာစံတော်ချိန် မေလ ၁၇ ရက် ည ၈:၀၀ နာရီ)
ဟော်ဖန်ဟင်မ်အသင်း ဟိုင်းဟိုင်နဲ့ ဂိုးကွာခြားချက် များစွာသနေလို့ စိတ်ပူပန်စရာမရှိပေမဲ့ သရေတစ်မှတ်လောက် ယူ ထားနိုင်တာ ပိုကောင်းမယ်ထင်တယ်။ အိမ်ရှင်နဲ့ပဲ စွန့်စားသင့်တယ်။
ဟိုင်းဟိုင် - ၀ါဒါဘရီမင် (မြန်မာစံတော်ချိန် မေလ ၁၇ ရက် ည ၈:၀၀ နာရီ)
ဟိုင်းဟိုင်အသင်း မျှော်လင့်ချက်နည်းပေမဲ့ နောက်ဆုံးပွဲလည်းဖြစ်လို့ ဖောင်ဖျက်ကစားဖို့များတယ်။ ဟိုင်းဟိုင်အသင်းပဲ ကြိုက်တယ်။
ဖရိုင်းဘတ် - ဖရန့်ဖတ် (မြန်မာစံတော်ချိန် မေလ ၁၇ ရက် ည ၈:၀၀ နာရီ)
ဖရန့်ဖတ်အသင်းက သရေတစ်မှတ်သာ လိုအပ်တော့ပြီး ဖရိုင်းဘတ်ကတော့ မဖြစ်မနေအနိုင်ကစားရမှာပါ။ ပထမအ ကျော့မှာတော့ အခု မန်စီးတီးရောက်နေတဲ့ မာမွတ်ရှ် ခြေစွမ်းပြမှုနဲ့ ဖရန့်ဖတ်အသင်း ဂိုးပြတ်အနိုင်ရခဲ့တယ်။ ဆန့်ပေါ်လီကို သရေကျလိုက်တာက ဖရန့်ဖတ်အဖို့ ချန်ပီယံလိဂ်ဝင်ခွင့် သေချာပေါက်ရမယ့် အနေအထားကို လက်လွှတ်ခဲ့ရပြီး အခုပွဲမှာ တော့ ရုန်းကန်ရတော့မယ်။ ဖရန့်ဖတ်က အဝေးကွင်းနောက်ဆုံး (၇)ပွဲမှာ (၁)ပွဲပဲ အနိုင်ရခဲ့ပြီး တစ်မှတ်ပဲ လိုပေမဲ့ ပိတ်ကစားသွားမယ့်ပုံစံမျိုးတော့ မရှိပါဘူး။ အဝေးကွင်းမှာ ဖရန့်ဖတ် အမှတ်ရလိမ့်မယ်။
အော့စ်ဘတ် - အူန်ယွန်းဘာလင် (မြန်မာစံတော်ချိန် မေလ ၁၇ ရက် ည ၈:၀၀ နာရီ)
နှစ်သင်းစလုံး အမှတ်မလိုအပ်တော့ဘူး။ ရာသီပိတ်ပွဲစဉ် ဖြစ်လို့ အိမ်ကွင်းပရိသတ်ကျေနပ်အောင် ကစားမယ့် အော့စ် ဘတ်ဘက်ကပဲ ရပ်တည်ချင်တယ်။
မိန့်ဇ် - လေဗာကူဆင် (မြန်မာစံတော်ချိန် မေလ ၁၇ ရက် ည ၈:၀၀ နာရီ)
မိန့်ဇ်အသင်း ယူရိုပါလိဂ်ဝင်ခွင့်အတွက် သေချာအောင်လုပ်ရဦးမယ်။ နောက်ဆုံးပွဲမှာလည်း နိုင်ပွဲပြန်ရထားလို့ ယုံကြည်ချက်ရှိနေနိုင်တယ်။ လေဗာကူဆင် အမှတ်မလိုလို့ မိန့်ဇ်နဲ့ပဲ စွန့်စားချင်တယ်။
မိုချန်ဂလာဘတ် - ဝုလ်ဖ်ဘတ် (မြန်မာစံတော်ချိန် မေလ ၁၇ ရက် ည ၈:၀၀ နာရီ)
မိုချန်ဂလာဘတ်ထက် ဝုလ်ဖ်ဘတ်အသင်းက အခြေအနေ ပိုဆိုးပါတယ်။ အိမ်ရှင်ဖြစ်တဲ့ မိုချန်ဂလာဘတ်ကပဲ ရပ်တည် ချင်တယ်။
ဆန့်ပေါ်လီ - ဘိုဟုမ် (မြန်မာစံတော်ချိန် မေလ ၁၇ ရက် ည ၈:၀၀ နာရီ)
ဆန့်ပေါ်လီအသင်းက ဂိုးကွာခြားချက်များစွာသာနေလို့ စိတ်ပူပန်စရာ မလိုတော့ပါဘူး။ အိမ်ကွင်းလည်းဖြစ်လို့ အနိုင် ကစားဖို့ များတယ်။















