စပါးအသင်း၏ ကွင်းလယ်တိုက်စစ်ကစားသမား ကူလူဆက်ဗ်စကီးသည် ဒူးဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူခဲ့ရသည့် အတွက် ယူရိုပါလိဂ်ဗိုလ်လုပွဲကို လွဲချော်မည်ဖြစ်ကြောင်း စပါးနည်းပြ ပိုစတီကိုဂလူးက အတည်ပြုပြောကြားခဲ့သည်။
အသက် (၂၅) နှစ်အရွယ်ရှိ ကူလူဆက်ဗ်စကီးသည် ခရစ္စတယ်ပဲလေ့စ်နှင့်ပွဲတွင် အဆိုပါဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရသောကြောင့် လအနည်းငယ်အနားယူရမည်ဖြစ်ကြောင်း သိရသည်။
ပိုစတီကိုဂလူးက အသင်းအတွက် စိတ်ပျက်ဖွယ်သတင်းဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
ဆွီဒင်လက်ရွေးစင်ကွင်းလယ်တိုက်စစ်ကစားသမား ကူလူဆက်ဗ်စကီးသည် ယခုရာသီတွင် စပါးအသင်းအတွက် ခြေစွမ်းပြနေပြီး ပြိုင်ပွဲစုံ ပွဲ (၅၀) တွင် (၁၀) ဂိုးသွင်းယူထားသည်။
မန်ယူနိုက်တက်နှင့် ကစားမည့် ယူရိုပါလိဂ်ပွဲစဉ်ကို ကူလူဆက်ဗ်စကီးအပြင် စပါးအသင်း၏အဓိကကစားသမားများဖြစ်သည့် မတ်ဒီဆန်နှင့် ဘာဗယ်လ်တို့မှာလည်း ဒဏ်ရာပြဿနာများကြောင့် လွဲချော်မည်ဖြစ်သည်။















