ယူရိုပါလိဂ်ပြိုင်ပွဲတွင် စပါးအသင်းကို ဗိုလ်စွဲစေလိုကြောင်း ဟာရီကိန်း ဆို

ယူရိုပါလိဂ်ပြိုင်ပွဲတွင် စပါးအသင်းကို ဗိုလ်စွဲစေလိုကြောင်း ဟာရီကိန်း ဆို
Photo: X
Photo: X
Published 12 May 2025

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟာရီကိန်းက ယူရိုပါလိဂ်ဗိုလ်လုပွဲတွင် အသင်းဟောင်း စပါးကို အနိုင်ရဗိုလ်စွဲစေလိုကြောင်း ပြောကြားခဲ့သည်။

ဟာရီကိန်း (၃၁ နှစ်)သည် ၂၀၂၃ တွင် ဘိုင်ယန်မြူးနစ်သို့ မပြောင်းရွှေ့မီ စပါးအသင်းတွင် နှစ်ပေါင်းများစွာကစားခဲ့သူဖြစ်သည်။

၎င်းသည် ယခုရာသီတွင် ဘိုင်ယန်မြူးနစ်အသင်းနှင့်အတူ ကစားသမားဘဝပထမဆုံးဆုဖလားအဖြစ် ဘွန်ဒစ်လီဂါချန်ပီယံဆုကို ရယူနိုင်ခဲ့သည်။

ယခုရာသီတွင် တိုက်တိုက်ဆိုင်ဆိုင်ပင် စပါးအသင်းမှာ ယူရိုပါလိဂ်ဗိုလ်လုပွဲ တက်ရောက်ထားပြီး မန်ယူနိုက်တက်နှင့် တွေ့ဆုံနေသည်။  ဟာရီကိန်းက "ဒီရာသီက စပါးအတွက် ခက်ခဲပေမဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲရောက်တာက ကြီးကျယ်တဲ့အောင်မြင်မှုပါ။ ယူရိုပါလိဂ်ဗိုလ်လုပွဲရောက်ဖို့ မလွယ်ပါဘူး။ ယူရိုပါလိဂ်ဗိုလ်လုပွဲကို ကျွန်တော် စောင့်ကြည့်သွားမှာဖြစ်ပြီး စပါးကို အနိုင်ရစေချင်ပါတယ်"ဟု ပြောကြားခဲ့သည်။

စပါးနှင့် မန်ယူနိုက်တက်တို့၏ ယူရိုပါလိဂ် ဗိုလ်လုပွဲကို မေလ (၂၁) ရက်တွင် ဆမ်းမားမီးစ်ကွင်း၌ ကစားမည်ဖြစ်သည်။

Photos : X

Most Read

Most Recent