နယူးကာဆယ်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် နိုင်ပွဲ(၂၀)ပြည့်မြောက်ခဲ့သည့်အတွက် ၂၀၀၂-၀၃ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ် စွမ်းဆောင်နိုင်ခြင်းဖြစ်ကြောင်း သိရသည်။
နယူးကာဆယ်အသင်းသည် ၂၀၀၁-၀၂ နှင့် ၂၀၀၂-၀၃ ရာသီများတွင် နှစ်ရာသီဆက်တိုက် နိုင်ပွဲ(၂၁)ပွဲရရှိခဲ့ပြီးနောက်ပိုင်း ပရီးမီးယားလိဂ်၌ နိုင်ပွဲ(၂၀)ပြည့်မြောက်ခြင်းမရှိတော့ဘဲ ယခုရာသီမှ ပြန်လည်စွမ်းဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။
နယူးကာဆယ်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် လီဗာပူးလ်၏နောက် နိုင်ပွဲ(၂၀)ပြည့်မြောက်သည့် ဒုတိယမြောက်အသင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပြီး ပွဲစဉ်(၃၆)အပြီးတွင် အမှတ်ပေးဇယားတတိယနေရာသို့ တက်လှမ်းနိုင်ခဲ့သည်။
လာမည့် ရက်သတ္တပတ်တွင် နယူးကာဆယ်အသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အာဆင်နယ်အသင်းနှင့် အဝေးကွင်း၌ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
Photos : X















