■ ဗီလာအသင်း၏ ပရီးမီးယားလိဂ် ဂိုးအများဆုံးကစားသမားအဖြစ် ဝက်ကင်စ် စံချိန်တင်

■ ဗီလာအသင်း၏ ပရီးမီးယားလိဂ် ဂိုးအများဆုံးကစားသမားအဖြစ် ဝက်ကင်စ် စံချိန်တင်
Photo: X
Photo: X
Published 11 May 2025

ဗီလာအသင်းတိုက်စစ်မှူး ဝက်ကင်စ်သည် ဘုန်းမောက်အသင်းနှင့်ပွဲတွင် တစ်ဂိုးသွင်းယူခဲ့ပြီးနောက် အသင်း၏ ပရီးမီးယားလိဂ်ဂိုးအများဆုံးကစားသမားအဖြစ် စံချိန်တင်ခဲ့ကြောင်း သိရသည်။

မေ ၁၀ ရက်က ကစားသည့် ပွဲစဉ် ၃၆ တွင် ဗီလာအသင်းက ဘုန်းမောက်အသင်းအား အဝေးကွင်း၌ (၁-၀)ဂိုးဖြင့် အနိုင်ရပြီး ယင်းဂိုးကို ဝက်ကင်စ်က ပထမပိုင်းပြီးခါနီး နာကျင်အချိန်ပို ၄၅+၆ မိနစ်တွင် သွင်းယူပေးခဲ့သည်။

ဝက်ကင်စ်(၂၉ နှစ်)အနေဖြင့် ပရီးမီးယားလိဂ်တွင် ဗီလာအသင်းအတွက် ၁၈၂ ပွဲကစား၊ ၇၅ ဂိုးသွင်းယူထားပြီး တိုက်စစ်မှူးဟောင်း အဘွန်လဟော်ထက် တစ်ဂိုးအသာဖြင့် စံချိန်သစ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။

ဗီလာအသင်းမှာလည်း ယင်းပွဲအနိုင်ရလဒ်ကြောင့် ရာသီကုန်တွင် အနိမ့်ဆုံးအဆင့် ၇ နေရာ ရပ်တည်နိုင်ရန် သေချာသွားပြီး ဥရောပပြိုင်ပွဲ ဝင်ခွင့်တစ်နေရာရရှိမည်ဖြစ်သည်။

ဝက်ကင်စ်၏ ယခုရာသီ ပရီးမီးယားလိဂ် သွင်းဂိုးပေါင်း ၁၆ ဂိုးအထိ ရှိလာခဲ့သည်။

၂၀၂၀ ပြည့်နှစ်တွင် ဘရန့်ဖို့ဒ်အသင်းမှ ရောက်လာသည့် ဝက်ကင်စ်သည် ဗီလာအသင်းနှင့် ငါးရာသီစလုံး အနည်းဆုံး လိဂ်ဂိုး ၁၀ ဂိုး ရာသီတိုင်း သွင်းယူခဲ့သည်။

 

Most Read

Most Recent