လေဗာကူဆင် - ဒေါ့မွန် (မြန်မာစံတော်ချိန် မေလ ၁၁ ရက် ည ၈:၀၀ နာရီ)
ပထမအကျော့မှာ လေဗာကူဆင်အသင်းက ဒေါ့မွန်ရဲ့ကွင်းမှာ အနိုင်ကစားခဲ့တယ်။ လက်ရှိမှာတော့ လေဗာကူဆင် အသင်းက ဒုတိယနေရာသေချာနေပြီး အမှတ်မလိုတော့ဘဲ အိမ်ကွင်းပရိသတ်ရှေ့မှာ ဂုဏ်သိက္ခာအတွက်သာ ကစားရ တော့မှာပါ။ ဒေါ့မွန်အသင်းရဲ့ ရာသီကုန်ခါနီး စွမ်းဆောင်ရည်က အတော်လေး အံ့အားသင့်စရာကောင်းပြီး မမျှော်လင့်ထားတာတွေ လုပ်ပြနေတယ်။ ဒီလိုပွဲမျိုးက အသင်းလိုက်ခြေစွမ်း၊ အစဉ်အလာတွေ မေ့ထားသင့်ပြီး အမှတ်လိုအပ်ခြင်း ရှိ၊ မရှိကပဲ အဓိကအဆုံးအဖြတ်ပေးမယ့်ပွဲ ဖြစ်လာလိမ့်မယ်။ ဒေါ့မွန် အမှတ်ရမှာ သေချာပါတယ်။
ဖရန့်ဖတ် - ဆန့်ပေါ်လီ (မြန်မာစံတော်ချိန် မေလ ၁၁ ရက် ည ၁၀:၀၀ နာရီ)
ဖရန့်ဖတ်အသင်းအနေနဲ့ နောက်ဆုံးပွဲက ဖရိုင်းဘတ်ကွင်းမှာဖြစ်နေလို့ ဒီပွဲကို အနိုင်ကစားဖို့ လိုပါတယ်။ ဖရန့်ဖတ် ဂိုးပြတ်၊ မပြတ်ပဲ ကြည့်ရမှာပါ။
စတုဂတ် - အော့စ်ဘတ် (မြန်မာစံတော်ချိန် မေလ ၁၁ ရက် ည ၁၂:၀၀ နာရီ)
နှစ်သင်းစလုံး အမှတ်မလိုအပ်တော့ဘဲ ပွဲဖြစ်ရုံလောက်ပဲ ကစားသွားလိမ့်မယ်။ ဒီလိုအခြေအနေမျိုးမှာ အိမ်ရှင်အသင်းကို ပဲ ရွေးချင်တယ်။















