■ စီးရီးအေပွဲစဉ် (၃၆) ပွဲကြိုသုံးသပ်ချက် 

■ စီးရီးအေပွဲစဉ် (၃၆) ပွဲကြိုသုံးသပ်ချက် 
Published 9 May 2025

အူဒီးနီးစ် - မွန်ဇာ (မြန်မာစံတော်ချိန် မေလ ၁၁ ရက် ညနေ ၅:၀၀ နာရီ)

အူဒီးနီးစ်က (၇)ပွဲဆက် နိုုင်ပွဲပျောက်နေရာကနေ နောက်ဆုံးပွဲမှာ ကာဂလီယာရီကို အနိုင်ရခဲ့တယ်။ တန်းဆင်းခဲ့ပြီဖြစ်တဲ့ မွန်ဇာကတော့ ရလဒ်ဆိုးတွေနဲ့ အတော့်ကို စိတ်ပျက်စရာ ကောင်းပါတယ်။ အူဒီးနီးစ် (၂-၀)လောက်နဲ့ နိုင်မယ်။



ဗီရိုနာ - လက်ချီ (မြန်မာစံတော်ချိန် မေလ ၁၁ ရက် ည ၇:၃၀ နာရီ)

ဗီရိုနာက စီးရီးအေနောက်ဆုံး (၃)ပွဲဆက် ရှုံးခဲ့ပြီး နောက်ဆုံး(၄)ပွဲဆက်လည်း ဂိုးမသွင်းနိုင်ခဲ့ဘူး။ လက်ချီကလည်း တန်း မဆင်းရဖို့ ပွဲတိုင်းကို ဂရုတစိုက်ကစားနေတယ်။ လက်ချီကို ကြိုက်တယ်။



တိုရီနို - အင်တာမီလန် (မြန်မာစံတော်ချိန် မေလ ၁၁ ရက် ည ၁၀:၃၀ နာရီ)

တိုရီနိုက ဘာမျှော်လင့်ချက်မှ မရှိတော့ဘူးဆိုပေမဲ့ စီးရီးအေအိမ်ကွင်းနောက်ဆုံး (၉)ပွဲဆက် ရှုံးပွဲမရှိခဲ့ပါဘူး။ အိမ်ကွင်း မာဂုဏ်မြင့်ပြီး အေစီမီလန်၊ ဂျူဗင်တပ်စ်၊တို့လိုအသင်းတွေကို ဒုက္ခပေးခဲ့တယ်။ အင်တာမီလန်ကလည်း ပွဲပန်းမှုတချို့ရှိနေပေမဲ့ လက်ရှိချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ထက် မဖြစ်မနေနိုင်ပွဲယူဖို့ လိုအပ်နေတယ်။ အင်တာမီလန် အနိုင်သေချာပြီး ဂိုးပြတ်၊ မပြတ်တော့ စောင့်ကြည့်ရမယ်။



နာပိုလီ - ဂျီနိုအာ (မြန်မာစံတော်ချိန် မေလ ၁၂ ရက် နံနက် ၁:၁၅ နာရီ)

နာပိုလီက ချန်ပီယံအိပ်မက်အတွက် ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရှိနေပါပြီ။ နည်းပြ ကွန်တီရဲ့ အသင်းက အတော်လေး ကျစ်လျစ်ပြီး လူကာကူ၊ တွမ်မီနေးတို့လို ကစားသမားတွေရဲ့ ပုံစံကောင်းကိုလည်း တွေ့ရတယ်။ ဂျီနိုအာက သာမန်ထက်မပိုတဲ့ အသင်းပါ။ နာပိုလီ အနည်းဆုံး(၂)ဂိုးပြတ်လောက်နဲ့ နိုင်မယ်။

Most Read

Most Recent