■ လာလီဂါပွဲစဉ် (၃၅) ပွဲကြိုသုံးသပ်ချက် 

■ လာလီဂါပွဲစဉ် (၃၅) ပွဲကြိုသုံးသပ်ချက် 
Published 9 May 2025

လီဟာနက်စ် - အက်စ်ပန်ညို (မြန်မာစံတော်ချိန် မေလ ၁၁ ရက် ညနေ ၆:၃၀ နာရီ)

တန်းမဆင်းရဖို့ ရုန်းကန်နေတဲ့ လီဟာနက်စ်ရဲ့ အိမ်ကွင်း ခြေစွမ်းကိုတော့ လေးစားရမှာပါ။ အက်စ်ပန်ညိုက စိတ်ရဖို့ အမှတ်လိုနေဆဲဖြစ်ပေမဲ့ လီဟာနက်စ်ရဲ့ရုန်းအားကို တောင်ခံနိုင်မယ်မထင်ဘူး။ လီဟာနက်စ်နဲ့ ဂိုးအနည်းပဲ ကောင်းမယ်။



ဘာစီလိုနာ - ရီးယဲလ်မက်ဒရစ် (မြန်မာစံတော်ချိန် မေလ ၁၁ ရက် ည ၈:၄၅ နာရီ)

ဘာစီလိုနာက ပွဲကျပ်တွေဆက်တိုက် ကစားခဲ့ပြီး အခု ရီးယဲလ်နဲ့ လာလီဂါပွဲဆက်ကစားရမှာဆိုတော့ ဟန်ချက်မပျက်အောင် မနည်းထိန်းကစားရမယ့် အခြေအနေမျိုးရောက်နေတယ်။ ပြီးတော့ ဒဏ်ရာပြဿနာတွေ ရှိနေတာကလည်း ဘာစီလိုနာအတွက် အားနည်းချက်လို ဖြစ်နေတယ်။ ရီးယဲလ်ကတော့ ဒီပွဲက နောက်ဆုံးမျှော်လင့်ချက်လို ဖြစ်နေလို့ အကုန်ပုံအောရမယ့်ပွဲပဲ။ ဒီပွဲရှုံးရင် ရီးယဲလ်အတွက် ဖလားလက်မဲ့ရာသီဖြစ်ဖို့ရှိပြီး နိုင်ရင်တောင် ဘာစီလိုနာနဲံ့ တစ်မှတ်ကွာနေဦးမှာပါ။ ဒီအနေအထားမှာ ရီးယဲလ်က အကုန်ပုံအောလာမှာဖြစ်လို့ ရီးယဲလ်ကိုပဲ ကြိုက်တယ်။ ဂိုးများမယ်။



ဘီလ်ဘာအို - အလာဗတ်စ် (မြန်မာစံတော်ချိန် မေလ ၁၁ ရက် ည ၁၁:၀၀ နာရီ)

ဘီလ်ဘာအိုက ယူရိုပါလိဂ်ဒဏ်ကို ခံနေရနိုင်တယ်။ ဒီဘက်မှာလည်း ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာက သေချာသလောက် ဖြစ်နေပြီဆိုတော့ ဘီလ်ဘာအိုကို ယုံစားထားလို့ မဖြစ်ဘူး။ အလာဗတ်စ်ကတော့ တန်းမဆင်းရဖို့အတွက် အမှတ်ရှာနေရတဲ့ အသင်းဖြစ်ပြီး နောက်ပိုင်းပွဲတွေ အစွမ်းကုန်ရုန်းကန်နေရတာကို တွေ့ရတယ်။ ဘီလ်ဘာအို အိမ်ကွင်းဖြစ်ပေမဲ့ လီဟာနက်စ်နဲ့ ဂိုးအနည်းပဲ ကောင်းမယ်။



ဘက်တစ် - အိုဆာဆူနာ (မြန်မာစံတော်ချိန် မေလ ၁၂ ရက် နံနက် ၁:၃၀ နာရီ)

ဘက်တစ်ကတော့ ပြိုင်ပွဲ (၂) ခုကြားမှာ ဗျာများနေရတဲ့ အချိန် ဖြစ်နေတယ်။ အခုလည်း ယူရိုပါကွန်းဖရန့်လိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲ ကစားထားရပေမဲ့ ပြည်တွင်းမှာ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာအတွက် အရှိန်လျော့သွားလို့ မရသေးတဲ့ အခြေအနေမျိုး ဖြစ်တယ်။ ဒါကြောင့် ဘက်တစ်အနေနဲ့ ဒီပွဲမှာ လည်း အိမ်ကွင်းအားနဲ့ အမှတ်ယူသွားလိမ့်မယ်။ ဘက်တစ်နဲ့ ဂိုးအနည်းပဲ ကြိုက်တယ်။ 

Most Read

Most Recent