■ ပရီးမီးယားလိဂ်ပွဲစဉ် (၃၆) ပွဲကြိုသုံးသပ်ချက်

■ ပရီးမီးယားလိဂ်ပွဲစဉ် (၃၆) ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 9 May 2025

နယူးကာဆယ် - ချယ်လ်ဆီး (မြန်မာစံတော်ချိန် မေလ ၁၁ ရက် ညနေ ၅:၃၀ နာရီ)

လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရမ်းအရေးကြီးတဲ့ ပွဲတစ်ပွဲလို့ ပြောရမယ်။ ပရီးမီးယားလိဂ်က အခုအချိန်အထိ တရားဝင်ရထားတဲ့ ခွဲတမ်းက (၅) နေရာဖြစ်ပြီး နယူးကာဆယ်နဲ့ ချယ်လ်ဆီးနှစ်သင်းစလုံးက အဆင့် (၄) နဲ့ (၅) နေရာတွေမှာ ရပ်တည်နေတဲ့အသင်းတွေဖြစ်တယ်။ လက်ရှိအနေအထားအရ ချယ်လ်ဆီးအသင်းက နောက်ပိုင်းပွဲတွေမှာ ခြေပြန်မှန်လာတာတွေ့ရပြီး၊ လီဗာပူးလ်နဲ့ပွဲမှာလည်း ခြေစွမ်းပြ အနိုင်ယူခဲ့တယ်။ ဒါပေမဲ့ အသင်းလိုက် ခြေစွမ်းချင်းယှဉ်မယ်ဆိုရင် နယူးကာဆယ်က ပိုမာကျောပြီး စိတ်ချရတဲ့ သဘောမျိုးဖြစ်တာကို တွေ့ရတယ်။ ဒါ့အပြင် နယူးကာဆယ်အသင်းရဲ့ အိမ်ကွင်းခြေစွမ်းက အသင်းကြီးတွေကို ပိုပြီး ဒုက္ခပေးနိုင်တာကိုလည်း တွေ့ရတယ်။ မန်စီးတီး၊ အာဆင်နယ်တို့လို အသင်းတွေကို ရင်ဆိုင်ခဲ့တဲ့ နယူးကာဆယ်ရဲ့ ကွင်းလယ်က ချယ်လ်ဆီးကိုလည်း ဒုက္ခပေးနိုင်လိမ့်မယ်။ ချယ်လ်ဆီးက ကွင်းလယ်ပိုမာကျောလာသလို တိုက်စစ်လည်း လူပြန်စုံလာလို့ အားကောင်းတာမှန်ပေမယ့် နယူးကာဆယ်ကိုပဲ ကြိုက်တယ်။ 



မန်ယူနိုက်တက် - ဝက်စ်ဟမ်း (မြန်မာစံတော်ချိန် မေလ ၄ ရက် ည ၇:၄၅ နာရီ)

မန်ယူနိုက်တက်အသင်းအတွက်တော့ ဒီပွဲမတိုင်ခင် ယူရိုပါလိဂ် အကြိုဗိုလ်လုပွဲကစားထားတဲ့ ပွဲပန်းပြဿနာရှိနိုင်ပေမယ့် အဓိကကစားသမားတွေကို အနားပေးပြီး ကစားသွားဖို့ပဲ တွေးမှာပါ။ လိဂ်ရလဒ်က ဆိုးရွားတဲ့ စံချိန်တွေကို ဆက်တိုက်ဖြစ်နေစေတာကို တွေ့ရပေမယ့် အာမိုရင်မ်က ဒါကိုသိပ် မစဉ်းစားပါဘူး။ ဗိုလ်လုပွဲတက်ပြီးသားလို့ ယူဆရတဲ့အခြေအနေမှာ ကစားသမားတွေ ဒဏ်ရာမရဖို့ ကစားရင်း ဒီပွဲက သရေပွဲအဖြစ် ပြီးဆုံးသွားနိုင်ပါတယ်။ 



နော်တင်ဟမ်ဖောရက်စ် - လက်စတာ (မြန်မာစံတော်ချိန် မေလ ၄ ရက် ည ၇:၄၅ နာရီ)

တဖြည်းဖြည်းနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာ မသေချာတော့တဲ့ နော်တင်ဟမ်အတွက် ဒီပွဲကတော့ လုံးဝကို အမှားမခံတဲ့ပွဲ၊ အဖိုးတန်တဲ့ပွဲပါ။ နယူးကာဆယ်၊ ချယ်လ်ဆီးတို့ ထိပ်တိုက်တွေ့နေချိန်မှာ ဒီနိုင်ပွဲက အရမ်းလိုအပ်နေပါတယ်။ အိမ်ကွင်းမှာ  ဂိုးပြတ်သွင်းနိုင်လိမ့်မယ်။ 



စပါး - ခရစ္စတယ်ပဲလေ့စ် (မြန်မာစံတော်ချိန် မေလ ၄ ရက် ည ၇:၄၅ နာရီ)

စပါးကလည်း ဒီပွဲမတိုင်ခင် ယူရိုပါလိဂ် အကြိုဗိုလ်လုပွဲ ကစားခဲ့ရတယ်။ ဒီပွဲက စပါးအတွက် ဘာမှ မရေးမပါတဲ့ပွဲပါ။ ပဲလေ့စ်က ပုံမှန်ပဲ ကစားမယ်ဆိုရင် စပါးလည်း ပုံမှန်ပဲကစားပြီး၊ ပဲလေ့စ်က အသည်းအသန် အနိုင်ကစားဖို့ ကြိုးစားရင်လည်း အနိုင်ပေးလိုက်မယ့် စိတ်ပိုင်းဆို်င်ရာ အခြေအနေဖြစ်ပါတယ်။ လက်ရှိ အနေအထားအရ ပဲလေ့စ်ကိုပဲ ကြိုက်တယ်။ 



လီဗာပူးလ် - အာဆင်နယ် (မြန်မာစံတော်ချိန် မေလ ၄ ရက် ည ၁၀:၀၀ နာရီ)

ဒီပွဲက လီဗာပူးလ်သာ ချန်ပီယံမဖြစ်သေးဘူးဆိုရင် တော်တော်လေး အကြိတ်အနယ်ရှိပြီး အရသာရှိတဲ့ ပွဲကြီးပွဲကောင်း တစ်ပွဲဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ လက်ရှိအခြေအနေမှာတော့ လီဗာပူးလ်က ချန်ပီယံဖြစ်ဖို့ သေချာပြီးသား အသင်းဖြစ်ပြီး ပွဲရဲ့အရှိန်နည်းနည်း လျော့သွားတယ်။ ပွဲကြီးပွဲကောင်းဖြစ်လာနိုင်စရာ အကြောင်းအရင်းတွေလည်း ရှိပါတယ်။ အထူးသဖြင့်တော့ ဒီပွဲက လီဗာပူးလ်အသင်း ချန်ပီယံဖလားရဖို့ သေချာသွားပြီးနောက်ပိုင်း ပထမဆုံးကစားရမယ့် အိမ်ကွင်းပွဲဖြစ်နေတာနဲ့ အဓိကပြိုင်ဘက် အာဆင်နယ်နဲ့ ရင်ဆိုင်ရတဲ့ အခြေအနေဖြစ်နေတယ်။ အာဆင်နယ်ဘက်က ကြည့်ရင်လည်း ချန်ပီယံလိဂ်မှာ ပွဲပန်းထားမယ်ဆိုရင်တောင် အာတီတာက ထိပ်တန်းအသင်းကြီးတွေကို ရင်ဆိုင်ပြီး အနိုင်ယူပြချင်တဲ့စိတ် အရမ်းကြီးမားတဲ့ နည်းပြဖြစ်နေတာကို တွေ့ရတယ်။ လက်ရှိခြေစွမ်းအရ သိပ်မကွာပေမယ့် ကစားရမှာက အန်ဖီးလ်မှာ ဖြစ်နေတဲ့အတွက် လီဗာပူးလ်ကိုပဲ ကြိုက်တယ်။ 

Most Read

Most Recent