■ ပရီးမီးယားလိဂ်ပွဲစဉ် (၃၆) ပွဲကြိုသုံးသပ်ချက်

■ ပရီးမီးယားလိဂ်ပွဲစဉ် (၃၆) ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 9 May 2025

ဖူလ်ဟမ် - အဲဗာတန် (မြန်မာစံတော်ချိန် မေလ ၁၀ ရက် ည ၈:၃၀ နာရီ)

ဖူလ်ဟမ်ကနောက်ဆုံးကစားခဲ့တဲ့ပွဲမှာ ရှုံးပွဲတွေ့ခဲပြီး အဲဗာတန်ကတော့ အစ်ဝစ်ချ်ကို အနိုင်ရသင့်ပါလျက်နဲ့ သရေနဲ့ပဲ ကျေနပ်လိုက်ရတယ်။ ဒီနှစ်သင်းအကြားမှာ ခြေစွမ်းသိပ်မကွာပေမယ့် ဖူလ်ဟမ်သာပါတယ်။ အမှတ်လိုအပ်ချက်ရော၊ အိမ်ရှင်ဖြစ်နေတာရောကြောင့်ဖူလ်ဟမ်ကိုကြိုက်တယ်။ 



အစ်ဝစ်ချ် - ဘရန့်ဖို့ဒ် (မြန်မာစံတော်ချိန် မေလ ၁၀ ရက် ည ၈:၃၀ နာရီ)

ဘရန့်ဖို့ဒ်က နောက်ဆုံး (၃) ပွဲဆက်အနိုင်ကစားပြီး ဖြေးဖြေးမှန်မှန်လေး အပေါ်ကိုတက်လာတယ်။ ဥရောပဝင်ခွင့်တစ်နေရာ အတွက်တောင် မျှော်လင့်ချက်နည်းနည်းရှိလာတယ်။ ဒီပွဲမှာလည်း အစ်ဝစ်ချ်ဆီက အမှတ်ပြည့်ယူနိုင်ဖို့ ကြိုးစားလိမ့်မယ်။ ဘရန့်ဖို့ဒ်ပဲ နိုင်မယ်။ 



ဆောက်သမ်တန် - မန်စီးတီး (မြန်မာစံတော်ချိန် မေလ ၁၀ ရက် ည ၈:၃၀ နာရီ)

ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာ တဖြည်းဖြည်းသေချာလာတဲ့အပြင် အဆင့် (၂) နေရာက အာဆင်နယ်အသင်းကိုပါ ခြိမ်းခြောက်လာနိုင်တဲ့ မန်စီးတီးအသင်းအတွက် နောက်ထပ် နိုင်ပွဲရဖို့ သေချာတဲ့ ပွဲတစ်ပွဲဖြစ်နေတယ်။ ဆောက်သမ်တန်က တိုက်စစ်ရော၊ ခံစစ်ရော အားရစရာမရှိတဲ့အသင်းဖြစ်ပြီး အိမ်ကွင်းရလဒ်တောင် စိတ်ဝင်စားစရာမရှိဘူး။ မန်စီးတီး ဂိုးပြတ်သွင်းပြီး အာဆင်နယ်ကို ဖိအားပေးလိမ့်မယ်။ 



ဝုလ်ဗ် - ဘရိုက်တန် (မြန်မာစံတော်ချိန် မေလ ၁၀ ရက် ည ၈:၃၀ နာရီ)

ဝုလ်ဗ်ကလည်း ပရီးမီးယားလိဂ်မှာ ဆက်တိုက်နိုင်ပွဲယူနေပြီးမှ ပြီးခဲ့တဲ့ပွဲမှာ မန်စီးတီးကို တစ်ဂိုးတည်းနဲ့ ကပ်ရှုံးသွားခဲ့ တယ်။ ဘရိုက်တန်က ရပ်တည်မှုပိုကောင်းသလို၊ ကစားပုံလည်း ပိုကောင်းပေမယ့် ဝုလ်ဗ်ရဲ့မာကျောမှုကို ပိုကြိုက်တာကြောင့် ဝုလ်ပဲ အလေးသာလိမ့်မယ်။ 



ဘုန်းမောက် - အက်စတွန်ဗီလာ (မြန်မာစံတော်ချိန် မေလ ၁၀ ရက် ည ၁၁:၀၀ နာရီ)

ဘုန်းမောက်က အဆင့် (၈)၊ အက်စတွန်ဗီလာက အဆင့် (၇) နေရာမှာ အသီးသီးရပ်တည်နေကြပေမယ့် ဒီနှစ်သင်းအကြားမှာ အမှတ်ကွာဟချက်က ကြီးမားတယ်။ ဒါပေမဲ့ နှစ်သင်းစလုံး အတွက် ကိုယ့်ရည်မှန်းချက်နဲ့ကိုယ် အမှတ်ယူနိုင်ဖို့က အရေးကြီးနေပါတယ်။ အက်စတွန်ဗီလာကတော့ ပရီးမီးယားလိဂ်မှာ နောက်ဆုံး (၃) ပွဲဆက် ယူထားတယ်။ ဘုန်းမောက်ကလည်း ခြေစွမ်းမှန်နေပါတယ်။ သရေကျဖို့ များတယ်။ 

Most Read

Most Recent