■ ဒွန်နာရမ်မာကို ခေါ်ယူရန် ဂျူဗင်တပ်စ်နှင့် အင်တာမီလန်တို့ ကြိုးပမ်းနေ

■ ဒွန်နာရမ်မာကို ခေါ်ယူရန် ဂျူဗင်တပ်စ်နှင့် အင်တာမီလန်တို့ ကြိုးပမ်းနေ
Published 9 May 2025

PSG  အသင်းတွင် လက်စွမ်းပြနေသည့် အီတလီလက်ရွေးစင်ဂိုးသမား ဒွန်နာရမ်မာကို ခေါ်ယူရန် ဂျူဗင်တပ်စ်နှင့် အင်တာမီလန်အသင်းတို့ အပြိုင်ကြိုးပမ်းနေကြောင်း သိရသည်။ 

ဒွန်နာရမ်မာ(၂၆ နှစ်)သည် အေစီမီလန်မှ PSG သို့ ၂၀၂၁ ခုနှစ်တွင် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး ၂၀၂၆ တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ 

၎င်းသည် လက်ရှိအချိန်အထိ PSG အသင်းနှင့် သက်တမ်းတိုးခြင်းမရှိသေးသည့်အတွက် ဂျူဗင်တပ်စ်နှင့် အင်တာမီလန်အသင်းတို့က ခေါ်ယူရန်  ပစ်မှတ်ထားနေခြင်းဖြစ်သည်။ 

မန်စီးတီးအသင်းကလည်း အသင်းဂိုးသမား အီဒါဆန်၏နေရာတွင် အစားထိုးရန်အတွက် ဒွန်နာရမ်မာအား ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။

Most Read

Most Recent