ဖီအိုရင်တီးနား နှင့် ဘက်တစ် (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၃၀ နာရီ)
ကစားသမားပိုင်းမှာ ဒီနှစ်သင်းကြား ကွာခြားချက်သိပ်မရှိပေမဲ့ လက်ရှိစိတ်ဓာတ်ပိုင်းနဲ့ စွမ်းဆောင်ရည်ပိုင်းမှာ ဘက်တစ်က အပြတ်အသတ်သာနေတယ်။ အန်တိုနီ၊ အစ္စကို ဦးဆောင်နေတဲ့ ဘက်တစ်တိုက်စစ်ပိုင်းကလည်း စိတ်ဝင်စရာကောင်းတဲ့ အဆင့်ထက် ပိုပါတယ်။ ပထမအကျော့မှာ ဘက်တစ်အသင်း အနိုင်ရထားပေမဲ့ လတ်တလောပုံစံအရ အီတလီမြေမှာ ခံစစ်ဦးစားပေးပြီး ထိန်းထိန်းသိမ်းသိမ်းကစားသွားမယ့်ပုံစံတော့ မရှိပါဘူး။ ဖီအိုရင်တီးနားအသင်းမှာတော့ မွိုက်စ်ကိန်း နောက်ပိုင်းပွဲတွေမှာ ဂိုးပေါက်ပျောက်နေတာ ပြဿနာရှိလာနိုင်တယ်။ ဘက်တစ်ပဲ ကြိုက်တယ်။
ချယ်လ်ဆီး နှင့် ယာဂါးဒန်း (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၃၀ နာရီ)
ချယ်လ်ဆီးအသင်းက ပထမအကျော့ရလဒ်နဲ့တင် ဖိအားမရှိသလောက် ဖြစ်နေပြီ။ တစ်ဖက်မှာလည်း ပရီးမီးယားလိဂ်ပွဲကျပ်တွေ ရာသီကုန်အထိ ဆက်တိုက်ကစားရမှာဖြစ်လို့ အခုလိုပွဲမျိုးမှာတော့ ပထမပွဲလို မဟုတ်ဘဲ အရန်ကစားသမားတွေကို အသုံးပြုလာနိုင်တယ်။ ဒါပေမဲ့ ချယ်လ်ဆီးရဲ့အရန်အင်အားကလည်း ဆွီဒင်ကလပ် ယာဂါးဒန်းအသင်းနဲ့ယှဉ်ရင် များစွာသာပါတယ်။ ပြီးခဲ့တဲ့ပွဲမှာ ဆန်ချို၊ အန်ကွန်ကူတို့ ဂိုးပေါက်ပြန်တွေ့ခဲ့တာကလည်း အခုလိုပွဲမျိုးအတွက် ယုံကြည်မှုပိုရှိစေတယ်။ ချယ်လ်ဆီးအသင်း ဂိုးပြတ်ဦးမယ်။















