ချန်ပီယံလိဂ်နတ်မိမယ် (Life)

ချန်ပီယံလိဂ်နတ်မိမယ် (Life)
Photo : X
Photo : X
Published 8 May 2025
AK

၂၀၂၄-၂၅ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲက ဆီမီးဖိုင်နယ်အဆင့်ပြီးဆုံးလို့ ဗိုလ်လုပွဲကို စောင့်မျှော်ရတဲ့အချိန်တောင် ရောက်ရှိလာပါပြီ။ ဗိုလ်လုပွဲကို မေ(၃၁)မှာ ယှဉ်ပြိုင်မှာဖြစ်လို့ ရက်ပေါင်း(၂၀)စွန်းစွန်းသာ လိုပါတော့တယ်။ ဒါပေမဲ့ အယ်လ်ဘေးနီးယားဘောလုံးပရိသတ်တွေကတော့ ကြာလှချည်ရဲ့လို့ ထင်ချင်ထင်နေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ ချန်ပီယံလိဂ်နတ်မိမယ်ကို ဗိုလ်လုပွဲတင်ဆက်မှုနဲ့အတူ မြင်တွေ့ချင်နေကြလို့ပေါ့။

အယ်လ်ဘေးနီးယားဘောလုံးပရိသတ်တွေ သဲသဲလှုပ်ဖြစ်နေသူကတော့ အီဗာမူရတီလို့ အမည်ရပါတယ်။ အသက်(၁၅)နှစ်အရွယ်မှာကတည်းက မော်ဒယ်လုပ်ခဲ့တဲ့ မူရတီက လက်ရှိအချိန်မှာတော့ လူသိများတဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်နေသလို၊ နာမည်ကျော် Host (အစီအစဉ်မှူး)တစ်ယောက်လည်း ဖြစ်နေပါပြီ။ မူရတီက ၂၀၁၇ ကစပြီး အယ်လ်ဘေးနီးယားရုပ်သံ Tring TV မှာ ချန်ပီယံလိဂ်တင်ဆက်မှုရဲ့ Host တစ်ယောက်အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ ချောမောလှပပြီး ဆွဲဆောင်မှုရှိသူဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုရရှိခဲ့ပြီး အလှဘုရင်မလေးလို့ တင်စားသူတွေ၊ နတ်မိမယ်လေးလို့ တင်စားသူတွေနဲ့ ချန်ပီယံလိဂ်ညတွေမှာ ပွဲတောင်းခံရသူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ တချို့ကတော့ ဗြိတိန်က နာမည်ကျော် တင်ဆက်သူ လော်ရာဝုဒ်စ်နဲ့ ခိုင်းနှိုင်းပြီး အယ်လ်ဘေးနီးယားလော်ရာဝုဒ်စ်လို့ တင်စားလာကြပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါညမှာတော့ အီတလီအားကစားမီဒီယာ Sportitalia TV က အထူးဧည့်သည်တော်အဖြစ် ဖိတ်ခေါ်ပြီး အင်တာမီလန်- ဘာစီလိုနာပွဲကို တင်ဆက်မှုပြုလုပ်စေခဲ့ပါတယ်။ ဒီတော့ မူရတီကို လူသိပိုများသွားခဲ့သလို အင်တာမီလန်အသင်း ယှဉ်ပြိုင်ကစားမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာလည်း ထပ်မံမြင်တွေ့ခွင့်ရဖို့ တောင်းဆိုလာကြပါတယ်။ အရင်ကတည်းက Instagram မှာ Followers (၁.၂)သန်း ပိုင်ဆိုင်ထားတဲ့ အီဗာမူရတီအနေနဲ့ Follower တွေ ထပ်ပြီးတိုးပွားလာဦးမှာလည်း သေချာနေပါတယ်။ သူက ချန်ပီယံလိဂ်ရဲ့ နတ်မိမယ်၊ ချန်ပီယံလိဂ်ရဲ့ ဘုရင်မအဖြစ် တင်စားခံထိုက်၊ မခံထိုက်ဆိုတာကိုတော့ ကိုယ်တိုင်အကဲဖြတ်ကြည့်ဖို့ လိုပါလိမ့်မယ်။

Photo : X

Most Read

Most Recent