ဂရီးလစ်ရှ်က မမေ့နိုင်စရာ ဂန္ထဝင်ဂီတညတစ်ညကို နှလုံးသားမှာ ကမ္ပည်းတင်နိုင်ဖို့အတွက် ပေါင်(၁၀၀၀၀၀)လောက် သုံးစွဲခဲ့ရပါတယ်။ ဂျာမနီနိုင်ငံ၊ ဒေါ့မွန်မြို့မှာ ကျင်းပခဲ့တဲ့ ရော့ဒ်စတီးဝပ်ရဲ့ ဂီတဖျော်ဖြေပွဲကို သွားရောက်ကြည့်ရှုခဲ့တာပါ။
သူ တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ မိသားစုကို ချစ်တတ်လွန်းသူ၊ အပေါင်းအသင်းတွေကို ခင်တွယ်တတ်လွန်းသူ ဂရီးလစ်ရှ်က မိသားစုရော သူငယ်ချင်းတွေကိုပါ ခေါ်ဆောင်သွားခဲ့တာကြောင့် အဲဒီလောက် ငွေကုန်ကြေးကျများခဲ့ရတာပါ။ ဒါပေမဲ့ မန်စီးတီးအသင်းမှာ တစ်ပတ်လုပ်ခ ပေါင်(၃၀၀၀၀၀)ရရှိနေတဲ့ ဂရီးလစ်ရှ်အတွက်တော့ ဒီလောက်က ရင်ခုန်စရာမရှိပါဘူး။ ရော့ဒ်စတီးဝပ်ရဲ့ သီချင်းထဲကလို အဲဒီအကြောင်း မပြောချင်ဘူးလို့တောင် ဂရီးလစ်ရှ်က တုံ့ပြန်ပါလိမ့်ဦးမယ်။
ဂရီးလစ်ရှ်က မမေ့နိုင်စရာ ဂန္ထဝင်ဂီတညတစ်ညကို နှလုံးသားမှာ ကမ္ပည်းတင်နိုင်ဖို့အတွက် ပေါင်(၁၀၀၀၀၀)လောက် သုံးစွဲခဲ့ရပါတယ်။ ဂျာမနီနိုင်ငံ၊ ဒေါ့မွန်မြို့မှာ ကျင်းပခဲ့တဲ့ ရော့ဒ်စတီးဝပ်ရဲ့ ဂီတဖျော်ဖြေပွဲကို သွားရောက်ကြည့်ရှုခဲ့တာပါ။
သူ တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ မိသားစုကို ချစ်တတ်လွန်းသူ၊ အပေါင်းအသင်းတွေကို ခင်တွယ်တတ်လွန်းသူ ဂရီးလစ်ရှ်က မိသားစုရော သူငယ်ချင်းတွေကိုပါ ခေါ်ဆောင်သွားခဲ့တာကြောင့် အဲဒီလောက် ငွေကုန်ကြေးကျများခဲ့ရတာပါ။ ဒါပေမဲ့ မန်စီးတီးအသင်းမှာ တစ်ပတ်လုပ်ခ ပေါင်(၃၀၀၀၀၀)ရရှိနေတဲ့ ဂရီးလစ်ရှ်အတွက်တော့ ဒီလောက်က ရင်ခုန်စရာမရှိပါဘူး။ ရော့ဒ်စတီးဝပ်ရဲ့ သီချင်းထဲကလို အဲဒီအကြောင်း မပြောချင်ဘူးလို့တောင် ဂရီးလစ်ရှ်က တုံ့ပြန်ပါလိမ့်ဦးမယ်။ ရော့ဒ်စတီးဝပ်ရဲ့ နာမည်ကျော်သီချင်းတစ်ပုဒ်ဖြစ်တဲ့ I Don't Want toTalk About it ကို သီဆိုပြီး ဂရီးလစ်ရှ်က သူ့ရဲ့ အဆိုစွမ်းရည်ကိုလည်း ပြသထားပါသေးတယ်။ အဲဒီသီချင်းကို ဂရီးလစ်ရှ် ရဲ့အဖေက ပိုကောင်းအောင် ဆိုပြနိုင်မယ့် အလားအလာလည်း ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ရော့ဒ်စတီးဝပ်က သူ့အဖေနဲ့ အမေနှစ်သက်အားပေးတဲ့ ဂီတသမားဖြစ်တာကြောင့် အခုလို ရှိုးပွဲသွားကြည့်ဖို့ ဂရီးလစ်ရှ် စီစဉ်ဖြစ်ခဲ့တာလေ။
ရော့ဒ်စတီးဝပ်က အသက်(၈၀)ရှိပါပြီ။ ၁၉၇၀ ဝန်းကျင်မှာကတည်းက အောင်မြင်ကျော်ကြားခဲ့သူဖြစ်ပြီး Rock And Roll ဘုရင်တစ်ပါးအဖြစ်လည်း သတ်မှတ်ခံရပါတယ်။ ရော့ဒ်စတီးဝပ်က ပြီးခဲ့တဲ့ မတ်လကစပြီး သူ့ရဲ့ ကမ္ဘာလှည့်ဖျော်ဖြေ ပွဲခရီးစဉ်ကို စတင်ခဲ့ပါတယ်။ သူက ဂီတလောက ကနေ အနားယူဦးမှာမဟုတ်ပေမဲ့ One Last Time လို့ အမည်ပေးထားတဲ့ အခု ခရီးစဉ်က နောက်ဆုံးသော အကြီးစားဖျော်ဖြေရေးခရီးစဉ် ဖြစ်လာမှာပါ။ အသက်အရွယ်အရ နောက်ပိုင်းမှာ အသေးစားဖျော်ဖြေပွဲတွေသာ ပြုလုပ်သွားတော့မှာပါ။ အခုခရီးစဉ်မှာ ဗြိတိန်မှာ ပြုလုပ်မယ့် ဖျော်ဖြေပွဲကလည်း တစ်ပွဲသာ ပါဝင်ပါတယ်။ ဒါကြောင့် ဂရီးလစ်ရှ်က အခါအခွင့်သင့်တုန်း ဒေါ့မွန်ပွဲကို သွားကြည့်ခဲ့တာပါ။ ပြီးခဲ့တဲ့ သောကြာနေ့က ယှဉ်ပြိုင်ခဲ့ တဲ့ မန်စီးတီးအသင်းရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ကစားခွင့်မရခဲ့တဲ့ ဂရီးလစ်ရှ်က စနေနေ့မှာ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့အတူ သီးသန့်လေယာဉ်နဲ့ ရော့ဒ်စတီးဝပ်ဆီ ရွက်လွှင့်ခဲ့ကြတာ ဖြစ်ပါတယ်။ "ရှင်သန်နေဆဲ ဂန္ထဝင်တစ်ယောက်ရဲ့ ဖျော်ဖြေမှုကို ကြည့်ရှုရတာ မယုံနိုင်စရာပါပဲ။ အခုလို ကြည့်ရှုခဲ့ရ၊ ဆုံတွေ့ခဲ့ရတဲ့အတွက် ကျေနပ်ဝမ်းမြောက်မိပါတယ်"လို့ ဂရီးလစ်ရှ်က ဆိုခဲ့ပါတယ်။ စကော့တလန်လက်ရွေးစင်အသင်းနဲ့ ဆဲလ်တစ်အသင်းရဲ့ ပရိသတ်တစ်ယောက်ဖြစ်တဲ့ ရော့ဒ်စတီးဝပ်ကလည်း ဂရီးလစ်ရှ်လို အကျော်အမော်ဘောလုံးသမားတစ်ယောက်နဲ့ ဆုံတွေ့ရတာကို မှတ်မှတ်ရရရှိ နေလိမ့်မယ် ထင်ပါတယ်။
Photo : X















