■ စီရော်နယ်လ်ဒို၏ချန်ပီယံလိဂ်စံချိန်ကို ရာဖင်ညာ လိုက်မီ

■ စီရော်နယ်လ်ဒို၏ချန်ပီယံလိဂ်စံချိန်ကို ရာဖင်ညာ လိုက်မီ
Photo: BeIN Sports
Photo: BeIN Sports
Published 7 May 2025

ဘာစီလိုနာတိုက်စစ်ကစားသမား ရာဖင်ညာသည် ချန်ပီယံလိဂ်တွင် တစ်ရာသီအတွင်း ဂိုးပါဝင်ပတ်သက်မှု အများဆုံးအဖြစ် စံချိန်တင်ထားသည့် စီရော်နယ်လ်ဒို၏ စံချိန်ကို လိုက်မီခဲ့သည်။

အသက် (၂၈) နှစ်အရွယ်ရှိ ဘရာဇီးလ်လက်ရွေးစင်တိုက်စစ်ကစားသမား ရာဖင်ညာသည် အင်တာမီလန်အသင်းကို အချိန်ပိုတွင် (၃-၄)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲ၌ ဘာစီလိုနာအသင်းအတွက် တစ်ဂိုးသွင်းပြီးနောက် ယခုရာသီ ချန်ပီယံလိဂ်သွင်းဂိုး

ပါဝင်ပတ်သက်မှုမှာ (၂၁) ဂိုးထိ ရှိလာခဲ့သည်။

ချန်ပီယံလိဂ်ပြိုင်ပွဲတွင် တစ်ရာသီအတွင်း ဂိုးပါဝင်ပတ်သက်မှုအများဆုံးအဖြစ် စံချိန်တင်ထားသူမှာ စီရော်နယ်လ်ဒိုဖြစ်သည်။

၎င်းအနေဖြင့် ရီးယဲလ်တွင် ကစားခဲ့သည့် ၂၀၁၃-၁၄ ရာသီက ဂိုးပါဝင်ပတ်သက်မှု (၂၁) ကြိမ်(၁၇ ဂိုးသွင်း၊ ၄ ဂိုး ဖန်တီး) ဖြင့် စံချိန်တင်ခဲ့ခြင်းဖြစ်သည်။

ယခု ယင်းစံချိန်ကို ရာဖင်ညာက လိုက်မီခဲ့ခြင်းဖြစ်ပြီး ယခုရာသီ ချန်ပီယံလိဂ် (၁၂) ပွဲတွင် (၁၃) ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၈) ကြိမ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

၎င်းသည် ယခုရာသီပြိုင်ပွဲစုံတွင် ၃၂ ဂိုးသွင်းကာ ၂၅ ဂိုး ဖန်တီးပေးခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent