■ ဘာစီလိုနာအား (၂-၃) ဂိုးဖြင့် ရှုံးနေချိန်တွင် ကွင်းပြင်စောထွက်ခဲ့သည့် အင်တာမီလန်ပရိသတ်များ ကွင်းအတွင်းပြန်ဝင်ခွင့်ရရန် တောင်းပန်ခဲ့သော်လည်း ဝင်ခွင့်မရခဲ့

■ ဘာစီလိုနာအား (၂-၃) ဂိုးဖြင့် ရှုံးနေချိန်တွင် ကွင်းပြင်စောထွက်ခဲ့သည့် အင်တာမီလန်ပရိသတ်များ ကွင်းအတွင်းပြန်ဝင်ခွင့်ရရန် တောင်းပန်ခဲ့သော်လည်း ဝင်ခွင့်မရခဲ့
Photo: Gettyimages
Photo: Gettyimages
Published 7 May 2025

ဘာစီလိုနာအသင်းအား အချန်ပိုတွင် အနိုင်ရခဲ့သည့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲတွင် အင်တာမီလန်အသင်း (၂-၃) ဂိုးဖြင့် ရှုံးနိမ့်နေချိန်တွင် ကွင်းအပြင် စောထွက်ခဲ့ကြသည့် အင်တာမီလန်အသင်း ပရိသတ်များသည် အချိန်ပိုကို ကြည့်ခွင့်ရန်အတွက် ဆန်စီရိုကွင်းအတွင်း ပြန်လည်ဝင်ရောက်ခွင့်ရရန် တောင်းဆိုခဲ့သော်လည်း ဝင်ခွင့်မရခဲ့ကြောင်း သိရသည်။

မေလ (၆) ရက်က ကစားခဲ့သည့် ချန်ပီယံလိဂ် ဒုတိယအကျော့ပွဲစဉ်တွင် အင်တာမီလန်အသင်းသည် အိမ်ကွင်း ဆန်စီရိုတွင် ပွဲပြီးခါနီးအထိ ဘာစီလိုနာအသင်းကို (၂-၃) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး နှစ်ကျော့ပေါင်း (၅-၆) ဂိုးဖြင့် ပြိုင်ပွဲမှထွက်ခွာရရန် အလွန် နီးစပ်ခဲ့သည်။

ထို့ကြောင့် စိတ်ပျက်လက်ပျက်ဖြစ်နေသည့် အိမ်ရှင် အင်တာမီလန်ပရိသတ်အချို့သည် ပွဲမပြီးမီအထိ ဆန်စီရိုကွင်းအတွင်းမှ ထွက်ခွာခဲ့ကြကြောင်း သိရသည်။

သို့သော် ပွဲပြီးခါနီး နာကျင်အချိန်ပို (၃) မိနစ်တွင် အင်တာမီလန်နောက်ခံကစားသမား အာချာဘီက တတိယဂိုးချေပဂိုး သွင်းယူခဲ့သည်။

အာချာဘီ ဂိုးသွင်းပြီးနောက် ကွင်းပြင်သို့ စောထွက်လာသည့် အင်တာမီလန်ပရိသတ်များသည် ကွင်းအတွင်း ပြန်လည်ဝင်ရောက်ပြီး အချိန်ပိုကို ဆက်ကြည့်ခွင့်ရန် ကွင်းတာဝန်ရှိသူများကို တောင်းဆိုခဲ့ကြောင်း သိရသည်။

TNT Sports က X တွင် တင်ခဲ့သည့် ဗီဒီယိုတွင် အင်တာမီလန်ပရိသတ်အချို့သည် ဆန်စီရိုကွင်းအတွင်း ပြန်လည်ဝင်ရောက်ခွင့်ရရန် ကွင်းလုံခြုံရေးအမျိုးသမီးထံ တောင်းဆိုနေသည်ကို မြင်တွေ့ခဲ့ရသည်။

သို့သော် ကွင်းလုံခြုံရေးက ၎င်းတို့၏ တောင်းဆိုမှုကို ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရှိရသည်။

အင်တာမီလန်အသင်းသည် အဆိုပါပွဲတွင် မိနစ် (၉၀) အတွင်း (၃-၃) ဂိုးဖြင့် သရေကျခဲ့ပြီး နှစ်ကျော့ပေါင်း (၆-၆) ဖြစ်နေသည့် အချိန်ပိုဆက်ကစားခဲ့ရာ ပွဲချိန် (၉၉) မိနစ်တွင် သွင်းယူခဲ့သည့် ဖရက်တယ်ဆီ၏ဂိုးကြောင့် (၄-၃) ဂိုးဖြင့် အနိုင်ရကာ နှစ်ကျော့ပေါင်း (၇-၆) ဂိုးဖြင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့သည်။

အင်တာမီလန်အသင်း၏အောင်ပွဲကို ကွင်းအတွင်းမှ စောထွက်မိသဖြင့် လွဲချော်ခဲ့သူများကို ပရိသတ်များက လူမှုကွန်ရက်တွင် လှောင်ပြောင်ခဲ့ကြောင်း သိရသည်။

ဘောလုံးပရိသတ်များက ''သမိုင်းမှာ အကောင်းဆုံးပွဲတစ်ပွဲကို လွဲချော်ခဲ့ကြတာပဲ''၊ ''ကိုယ့်ထိုက်နဲ့ ကိုယ်ကံပဲ''၊ ''သူတို့ကို မစာနာနိုင်ဘူး။ သူတို့ဟာ သူတို့ရွေးချယ်မှုရဲ့ အကျိုးဆက်ကို ခံစားခဲ့ရတာပဲ''စသည့် မှတ်ချက်များကို ရေးသားခဲ့ကြသည်။

Most Read

Most Recent