စက်သုံးဆီတင်သင်္ဘောများ အဆက်မပြတ်ဝင်ရောက်လျက်ရှိသဖြင့် အရန်စက်သုံးဆီအပါအဝင် စက်သုံးဆီများကို ဖူလုံစွာရှိဟုဆို

စက်သုံးဆီတင်သင်္ဘောများ အဆက်မပြတ်ဝင်ရောက်လျက်ရှိသဖြင့် အရန်စက်သုံးဆီအပါအဝင် စက်သုံးဆီများကို ဖူလုံစွာရှိဟုဆို
Published 23 November 2024

စက်သုံးဆီတင်သင်္ဘောများ အဆက်မပြတ်ဝင်ရောက်လျက်ရှိသဖြင့် အရန်စက်သုံးဆီအပါအဝင် စက်သုံးဆီများကို ဖူလုံစွာရှိနေသည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ စီမံဆောင်ရွက်မှု၊ လိုအပ်သည့်စက်သုံးဆီဖိုး နိုင်ငံခြားသုံးငွေများကို အချိန်မီလုံလောက်စွာ ဝယ်ယူပေးချေနိုင်ရေး မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဆောင်ရွက်ပေးနေသည်ဟု သိရသည်။

ယင်းကြောင့် ပြည်ပမှ စက်သုံးဆီတင်သင်္ဘောများ ပုံမှန်အဆက်မပြတ်ဝင်ရောက်လျက်ရှိသဖြင့် အရန်စက်သုံးဆီအပါအဝင် စက်သုံးဆီများကို ဖူလုံစွာသိုလှောင်ထားရှိနိုင်ပြီး နေ့စဉ်လုံလောက်စွာ ဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ ပြည်တွင်းရောင်းဈေးနှုန်းများ ဆက်တိုက်ကျဆင်းလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

စက်သုံးဆီစျေးနှုန်းမှာ နိုဝင်ဘာ ၂၂ ရက်တွင် ကျဆင်းခဲ့ပြီး ဓာတ်ဆီနှင့် ဒီဇယ် တစ်လီတာလျှင် ပျမ်းမျှ ကျပ် ၅၀ ကျော်ကျဆင်းလာခဲ့သည်ကို တွေ့ရသည်။ နိုဝင်ဘာ ၂၂ ရက်တွင် ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်များတွင် ရောင်းချလျက်ရှိသည့် စက်သုံးဆီစျေးနှုန်းများမှာ ၉၂ တစ်လီတာ ၂၉၅၅ ကျပ်၊ ၉၅ တစ်လီတာ ၃၁၅၀ ကျပ်၊ ရိုး ရိုးဒီဇယ်တစ်လီတာ ၂၆၂၀ ကျပ်၊ ပရီမီယံဒီ ဇယ်တစ်လီတာ ၃၂၅၅ ကျပ်ဖြစ်ကြောင်း သိရသည်။

ယင်းကြောင့် စက်သုံးဆီစျေးနှုန်းမှာ ယ ခင်ရက်များထက် ကျဆင်းလာပြီး ၉၂ တစ်လီ တာ ၅၅ ကျပ်၊ ၉၅ တစ်လီတာ ကျပ် ၅၀၊ ရိုးရိုး ဒီဇယ်တစ်လီတာ ၄၅ ကျပ်၊ ပရီမီယံဒီဇယ်တစ် လီတာ ၅၅ ကျပ် ကျဆင်းလာခြင်းလည်း ဖြစ်သည်။

ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးစျေးကွက်တွင် စက်သုံးဆီ တင်သွင်းသော လုပ်ငန်းရှင်များသို့ ဒေါ်လာ ၃၅ သန်းရောင်းချမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးနောက်တွင် စက်သုံးဆီစျေးနှုန်းများအနည်းငယ်ကျဆင်းလာခြင်းလည်းဖြစ်သည်။

ဗဟိုဘဏ်အနေဖြင့် ၂၁ ရက်အတွင်း ဒေါ်လာ ၉၄၅ သန်းကျော်၊ ယွမ် ၁၂ သန်းကျော် နှင့် ဘတ် ၃၂၃ သန်းကျော် ထုတ်ရောင်းထားသည်။ နိုဝင်ဘာလတွင် ရောင်းချမှုအနေဖြင့်  နိုဝင် ဘာ ၄ ရက်တွင် တစ်ဒေါ်လာလျှင် ၃၅၇၅ ကျပ်ဖြင့် ဒေါ်လာ ၁၅ သန်းကျော်၊ ယွမ် ၁ ဒသမ ၅ သန်းကျော်နှင့် ဘတ်သန်း ၁၀၀ ကျော်၊ နိုဝင်ဘာ ၅ ရက်တွင် နိုင်ငံခြား ငွေကြေးစျေးကွက်တွင် သွင်းကုန်လုပ်ငန်းရှင်များအား ယွမ် ၇ သန်းနှင့် ဘတ်သန်း ၂ဝရောင်းချပေးမည်ဟု ထုတ်ပြန်ခဲ့သည်။

အလားတူ  နိုဝင်ဘာ ၆ ရက်တွင် ဒေါ် လာ ၉၀၀၀ နီးပါး၊ ယွမ် ၄၈၉၈၉၉၊ ဘတ် ၁ ဒသမ ၂ သန်းကျော်၊ နိုဝင်ဘာ ၇ ရက်တွင် ဒေါ်လာ ၃၃၄၃၊ ယွမ်နှစ်သန်းကျော်၊ ဘတ်  ၂၁ သန်းကျော်၊ နိုဝင်ဘာ ၈ ရက်တွင် ဒေါ် လာ ၃၀၁၅၊ ယွမ်နှစ်သန်းကျော်၊ နိုဝင်ဘာ ၁၁ ရက်တွင် ယွမ်ရှစ်သိန်းကျော်၊ နိုင်ငံခြား ငွေ ကြေးစျေးကွက်တွင်  သွင်းကုန်လုပ်ငန်းရှင်များအား ဘတ် ၁၅ သန်း ရောင်းချပေးမည်ဟု ထုတ် ပြန်ခဲ့သည်။ 

Most Read

Most Recent