မန်ယူအသင်းတွင် အူဂါတေ ကျောနံပါတ်(၂၅) ဝတ်ဆင်ကစားမည်

မန်ယူအသင်းတွင် အူဂါတေ ကျောနံပါတ်(၂၅) ဝတ်ဆင်ကစားမည်
Photo: MUFC
Photo: MUFC
Published 2 September 2024

မန်ယူအသင်းသည် အပြောင်းအရွှေ့နောက်ဆုံးနေ့တွင် PSG အသင်းထံမှ ခေါ်ယူခဲ့သည့် ဥရုဂွေးနောက်ခံလူ အူဂါတေအား ကျောနံပါတ်(၂၅)ပေးအပ်လိုက်ကြောင်း သိရသည်။

မန်ယူအသင်းသည် အူဂါတေ(၂၃ နှစ်)ကို ပေါင်(၄၂)သန်းဖြင့် ခေါ်ယူပြီး (၅)နှစ်စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

မန်ယူအသင်းတွင် ယခင်က ကျောနံပါတ်(၂၅)ကို ဆန်ချို ဝတ်ဆင်ခဲ့ပြီး ယခုအခါ ချယ်လ်ဆီးအသင်းထံ တစ်ရာသီအငှားဖြင့် ပြောင်းရွှေ့သွားသည့်အတွက် အူဂါတေအား ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အူဂါတေသည် ယခင်ကလပ်အသင်းများတွင် နံပါတ်(၂၅)ဝတ်ဆင်ဖူးခြင်းမရှိသော်လည်း ဥရုဂွေးလက်ရွေးစင်အသင်းတွင်မူ ဝတ်ဆင်ခဲ့ဖူးကြောင်း သိရသည်။

အူဂါတေသည် လီဗာပူးလ်နှင့်ပွဲတွင် အိုးလ်ထရက်ဖို့ဒ်ကွင်းအတွင်း အဆိုပါကျောနံပါတ်(၂၅)နှင့်အတူ ပရိသတ်များအား နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent