■ ဘွန်ဒစ်လီဂါပွဲစဉ် (၉) ပွဲကြိုသုံးသပ်ချက် 

■ ဘွန်ဒစ်လီဂါပွဲစဉ် (၉) ပွဲကြိုသုံးသပ်ချက် 
Photo: Getty Images
Photo: Getty Images
Published 27 October 2023

ဘိုင်ယန်မြူးနစ် - ဒမ်းစတက်ဒ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၈ ရက် ည ၈:၀၀ နာရီ)

ဒမ်းစတက်ဒ်အသင်း လိုက်ပ်ဇစ်နဲ့ ကစားအပြီး ဘိုင်ယန် ဆက်လက်ဆုံတွေ့ရတာပါ။ တန်းတက်အသင်းတစ်သင်းအဖို့ ဒီနှစ်ပွဲကနေ အမှတ်ရယူနိုင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဘိုင်ယန် အနိမ့်ဆုံး(၃)ဂိုးလောက် ပြတ်လိမ့်မယ်။



မိုချန်ဂလာဘတ် - ဟိုင်းဟိုင် (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၈ ရက် ည ၈:၀၀ နာရီ)

မိုချန်အသင်း ဒီရာသီအိမ်ကွင်းနိုင်ပွဲ လုံးဝမရှိသေးပေမဲ့ လေဗာကူဆင်၊ ဘိုင်ယန်၊ လိုက်ပ်ဇစ်တို့နဲ့ ကစားခဲ့ရတာပါ။ ဒီပွဲတော့ မိုချန်ဂလာဘတ် နိုင်ပွဲစရနိုင်တယ်။



၀ါဒါဘရီမင် - အူန်ယွန်းဘာလင် (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၈ ရက် ည ၈:၀၀ နာရီ)

နှစ်သင်းစလုံး ရလဒ်တွေဆိုးနေပေမဲ့ အူန်ယွန်းဘာလင်က အခြေအနေပိုဆိုးပါတယ်။ ဝါဒါဘရီမင်အသင်း မရှုံးလောက်ဘူး ထင်တယ်။



အော့စ်ဘတ် - ဝုလ်ဖ်ဘတ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၈ ရက် ည ၈:၀၀ နာရီ)

အမှတ်ပေးဇယား အထက်အောက်(၂)သင်း တွေ့ဆုံကြတာပါ။ ဝုလ်ဖ်ဘတ် ကစားသမားပိုင်းသာပေမဲ့ အဝေးကွင်းမှာ အနိုင်ရဖို့တော့ မရှိဘူး။



စတုဂတ် - ဟော်ဖန်ဟင်မ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၈ ရက် ည ၈:၀၀ နာရီ)

ဟော်ဖန်ဟင်မ်အသင်းက ဒီရာသီ အဝေးကွင်း(၄)ပွဲစလုံး အနိုင်ရထားတယ်။ ဒီပွဲလည်း ဟော်ဖန်ဟင်မ် အမှတ်ရအောင် ကစားနိုင်တယ်။



လိုက်ပ်ဇစ် - ကိုလုံး (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၈ ရက် ည ၁၁:၀၀ နာရီ)

ကိုလုံးအသင်းက မိုချန်နဲ့ပွဲမှာ ဒီရာသီ ပထမဆုံးနိုင်ပွဲကို ရယူထားတယ်။ လိုက်ပ်ဇစ်ကတော့ ဘွန်ဒစ်လီဂါအိမ်ကွင်း (၂) ပွဲဆက်ရှုံးထားတဲ့ အခြေအနေကနေ လွန်မြောက်ဖို့ ကြိုးပမ်းမှာပါ။ လိုက်ပ်ဇစ် ဂိုးပြတ်နိုင်ဖို့ များတယ်။