ပရီးမီးယားလိဂ် ပွဲစဉ်(၁၈) ပွဲကြို သုံးသပ်ချက်

ပရီးမီးယားလိဂ် ပွဲစဉ်(၁၈) ပွဲကြို သုံးသပ်ချက်
Published 26 December 2016

■ ဝက်ဖို့ဒ် - ခရစ္စတယ်ပဲလေ့စ် (၂၆-၁၂-၂၀၁၆ ည ရး၀၀)ဝက်ဖို့ဒ်ရဲ့ ရလဒ်တွေက အားရစရာမရှိဘူး။ နောက်ဆုံး (၅) ပွဲမှာ (၄) ပွဲ ရှုံးခဲ့တယ်။ ပဲလေ့စ်က ဆောက်သမ်တန်နဲ့ ပွဲပြီးကတည်းက နိုင်ပွဲ ပြန်ပျောက်နေတယ်။ ဒါပေမဲ့ ပွဲကျပ်ခဲ့တာကို သတိပြုရမယ်။ လက်ရှိ အနေအထားအရဆိုရင်တော့ ပဲလေ့စ်ကို ကြိုက်ပါတယ်။ ဒါပေမဲ့ သရေလောက်ပဲဖြစ်မယ်။■ အာဆင်နယ် - ဝက်စ်ဘရွန်း (၂၆-၁၂-၂၀၁၆ ည ၉း၃၀)ဝက်စ်ဘရွန်းရဲ့ ခံစစ်ကစားပုံက ကောင်းပါတယ်။ ဒါပေမဲ့ အိမ်ကွင်းမှာ ပိုကောင်းပြီး အဝေးကွင်းမှာတော့ အားနည်းချက်တွေရှိတယ်။ အမြင့်ဘော ကောင်းတယ်။ အာဆင်နယ် တော်တော်လေး သတိထားရမယ်။ ပေါ့ဆရင် သရေကျသွားနိုင်တယ်။ သေချာ ကစားရင် နိုင်ပါတယ်။ ဂိုးပြတ်ဖို့တော့ ခက်တယ်။■ ဘန်လေ - မစ်ဒယ်ဘရော့ (၂၆-၁၂-၂၀၁၆ ည ၉း၃၀)ဘန်လေကလည်း ရလဒ်တွေ ကျဆင်းနေတယ်။ ခံစစ်က ဂိုးတွေဆက်တိုက် ခွင့်ပြုနေရတယ်။ အစောပိုင်းက ခံစစ်ပုံစံမျိုး ပြန်မရတော့ဘူး။ မစ်ဒယ်ဘရော့က စုစည်းမှု ကောင်းတယ်။ ခံစစ်ငြိမ်တယ်။ တိုက်စစ်ကလည်း ဂိုးတွေရနေတယ်။ မစ်ဒယ်ဘရာ့ပဲ နိုင်ဖို့များတယ်။■ ချယ်လ်ဆီး - ဘုန်းမောက် (၂၆-၁၂-၂၀၁၆ ည ၉း၃၀)ချယ်လ်ဆီးက ပရီးမီးယားလိဂ်ပွဲစဉ် (၁၁) ပွဲဆက် အနိုင်ကစားခဲ့တယ်။ မန်စီးတီးကို အဝေးကွင်းမှာ ဂိုးပြတ် အနိုင်ရခဲ့ပြီးကတည်းက နောက်ဆုံး (၃) ပွဲမှာ ဂိုးပြတ်နိုင်ပွဲ မရှိတော့ဘူး။ ဘုန်းမောက်က အဝေးကွင်းမှာ အာဆင်နယ်ကို (၁-၃)နဲ့ ရှုံးပြီး ဘန်လေကို (၂-၃)နဲ့ ရှုံးခဲ့တယ်။ ရလဒ်တွေ ကောင်းနေတယ်လို့ ပြောလို့ရပေမယ့် သာမန်အနေအထားပဲ ရှိတယ်။ အထူးသဖြင့် အိမ်ကွင်းမှာသာ ကောင်းပြီး အဝေးကွင်းမှာ ဂိုးပေးနှုန်း အရမ်းများတယ်။ ဒီပွဲလည်း ချယ်လ်ဆီးနိုင်မယ်။ ဂိုးအများကြီး မသွင်းဘူး။ ဒါပေမဲ့ ဘုန်းမောက် ခံစစ်ကြောင့် (၁-ဝ) အပြင် (၂-ဝ)လည်း ဖြစ်နိုင်တယ်။■ လက်စတာ - အဲဗာတန် (၂၆-၁၂-၂၀၁၆ ည ၉း၃၀)အဲဗာတန်ရဲ့ စိတ်ဓာတ်ပိုင်း ယိုယွင်းနေမှုက စိတ်ပျက်စရာပါ။ လူကာကူ၊ ဒယ်လိုဖူ၊ မီရာလက်စ်၊ ဘာကလေတို့လို အားကိုးရပါတယ်ဆိုတဲ့ ကစားသမားတွေ အမှားများ၊ ညံ့ဖျင်းတဲ့ခံစစ်နဲ့ ကွင်းလယ်အားနဲ့ ကစားနေရတာ။ လက်စတာက အဲဗာတန်ထက် ပို ကောင်းပါတယ်။ လက်စတာ နိုင်မယ်။■ မန်ယူ - ဆန်းဒါးလန်း (၂၆-၁၂-၂၀၁၆ ည ၉း၃၀)ဒေးဗစ်မွိုက်စ်နဲ့ အသင်းဟောင်း မန်ယူတို့ရဲ့ ပြန်လည်ဆုံတွေ့မှုက စိတ်ဝင်စားစရာပါ။ လက်ရှိအချိန်မှာ မန်ယူလည်း လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာတယ်။ ဆန်းဒါးလန်းလည်း အရမ်း မကောင်းပေမယ့် အရင်လောက် မဆိုးတော့ဘူး။ ဒါပေမဲ့ ခြေကွာ၊ လူကွာပါတယ်။ မန်ယူ ဂိုးပြတ်နိုင်မယ်။■ ဆွမ်ဆီး - ဝက်စ်ဟမ်း (၂၆-၁၂-၂၀၁၆ ည ၉း၃၀)ဝက်စ်ဟမ်း ခြေပြန်တက်လာတယ်။ ဆွမ်ဆီးက ဆန်းဒါးလန်းကို ဂိုးပြတ်နိုင်ခဲ့ပြီး ဝက်စ်ဘရွန်း၊ မစ်ဒယ်ဘရော့တို့ကိုလည်း ဂိုးပြတ် ရှုံးခဲ့ပြန်တယ်။ ခြေစွမ်းက စိတ်မချရသလို၊ ပျော့လည်း ပျော့ပါတယ်။ ခံစစ်ပိုင်း ပြန်တိုးတက်လာပြီး လီဗာပူးလ်နဲ့ ပွဲကစပြီး ခြေတက်လာတဲ့ ဝက်စ်ဟမ်းကိုပဲ ကြိုက်တယ်။■ ဟားလ်စီးတီး - မန်စီးတီး (၂၆-၁၂-၂၀၁၆ ည ၁၁း၄၅)ဟားလ်စီးတီးက လက်ရှိ ပရီးမီးယားလိဂ်မှာ အခြေအနေအဆိုးဆုံးအသင်း ဖြစ်နေတယ်။ ရလဒ်ဆိုးတယ်။ ခံစစ်မှတ်တမ်း ဆိုးတယ်။ ယုံကြည်မှု၊ စိတ်ဓာတ်ပိုင်း ကျဆင်းနေတယ်။ မန်စီးတီးက နှစ်ပွဲဆက်နိုင်ပွဲပြန်ရခဲ့တယ်။ ပုံမှန် ပြန်ဖြစ်လာပြီ။ ဒီပွဲလည်း အ ခက်အခဲမရှိ နိုင်ဦးမယ်။ ဂိုးပြတ်နိုင်တယ်။

Most Read

Most Recent