အနုပညာရှင်တို့၏ ကိုယ်ပိုင်အမှတ်တံဆိပ် လုပ်ငန်းများ

အနုပညာရှင်တို့၏ ကိုယ်ပိုင်အမှတ်တံဆိပ် လုပ်ငန်းများ
Published 25 December 2016

၂၀၁၆ ခုနှစ်အတွင်းတွင် အနုပညာရှင်တို့၏ ကိုယ်ပိုင်အမှတ်တံဆိပ် လုပ်ငန်းများ စတင်မိတ်ဆက်မှု များပြားခဲ့ပြီး ပရိသတ် စိတ်ဝင်စား အားပေးမှုလည်း များပြားခဲ့သည့်အတွက် ထင်ရှားသည့်ဖြစ်ရပ် တစ်ခုအဖြစ် ရွေးချယ် ဖော်ပြအပ်ပါသည်။ ၂၀၁၆ ခုနှစ်အတွင်းတွင် တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်၏ SAI Cosmetic နှုတ်ခမ်းနီ၊ နီနီခင်ဇော်၏ Super Red နှုတ်ခမ်းနီ၊ မိစန္ဒီ၏ My Boo အဝတ်အထည်၊ မေခလာ၏ Maykalar Skin Care စသည့် အနုပညာရှင်များ၏ ကိုယ်ပိုင်အမှတ်တံဆိပ် ထုတ်ကုန်များအား ရောင်းချခဲ့ခြင်း ဖြစ်သည်။
အနုပညာရှင်များ အနေဖြင့် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ခြင်းမှာ ယခင်ကပင် ရှိခဲ့သော်လည်း ယခုနှစ်အတွင်းတွင်မူ ကိုယ်ပိုင်အမှတ်တံဆိပ် အလှကုန်ပစ္စည်းများ၊ အဝတ်အထည်နှင့် အသုံးအဆောင်များကို ထုတ်လုပ် ရောင်းချလာခဲ့ခြင်း ဖြစ်သည်။ SAI Cosmetic ကို မိတ်ဆက်ရောင်းချခဲ့ရာ စိတ်ဝင်စား ဝယ်ယူမှု မြင့်တက်ခဲ့သည့်အပြင် နီနီခင်ဇော်ကလည်း Super Red Cosmetic ကို မိတ်ဆက် ရောင်းချခဲ့ရာ စတင်ဖြန့်ချိစဉ်ကပင် စိတ်ဝင်စားမှု များပြားခဲ့သည်။ တေးသံရှင် မိစန္ဒီကလည်း My Boo အမှတ်တံဆိပ် အဝတ်အထည်၊ အသုံးအဆောင် ပစ္စည်းများ မိတ်ဆက် ရောင်းချခဲ့သည်။ ထို့ပြင် တေးသံရှင် မေခလာကလည်း Maykalar Skincare ကို ဒီဇင်ဘာလ အတွင်းတွင် စတင်ဖြန့်ချိခဲ့သည်။ ၂၀၁၇ ခုနှစ်တွင်လည်း လူငယ်အနုပညာရှင်အချို့ ကိုယ်ပိုင်အမှတ်တံဆိပ် ပစ္စည်းများ မိတ်ဆက်ရန် ပြင်ဆင်လျက် ရှိသည်။

Most Read

Most Recent