ပရီးမီးယားလိဂ်ပွဲစဉ်များ အကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ်များ အကြိုသုံးသပ်ချက်
Published 18 December 2016

■ ဘုန်းမောက် နှင့် ဆောက်သမ်တန် (တနင်္ဂနွေ ည ၈း၀၀ နာရီ)လူငယ်တွေကို အားပြုထားကြတယ်။ တိုက်စစ်ကောင်းကြတယ်။ ကစားပုံကောင်းပြီး ဟန်ချက်ညီတယ်။ ဘုန်းမောက်က တိုက်စစ်ကိုအားပြုပြီး၊ ဆောက်သမ်တန်က ဟန်ချက်ကိုအားပြုတယ်။ ဒီပွဲမှာ ဆောက်သမ်တန်ခံစစ် တကယ်ကစားရင် ဘုန်းမောက်ကျော်ရခက်နိုင်တယ်။ ဆောက်သမ်တန် ကြိုက်တယ်။■ မန်စီးတီး နှင့် အာဆင်နယ် (တနင်္ဂနေ ွည ၁၀း၃၀ နာရီ)ချယ်လ်ဆီးသာ နိုင်ပွဲဆက်နေခဲ့လို့ ဒီပွဲမှာ ရှုံးတဲ့အသင်းက ချန်ပီယံ ပြေးလမ်းကြောင်းပေါ်ကနေ သွေဖည်သွားနိုင်တယ်။ထိပ်တိုက်တွေ့ဆုံမှုအရဆိုရင် အာဆင်နယ်က မန်စီးတီးကွင်းမှာတောင် ရုပ်ပျက်ဆင်းပျက် မဖြစ်ခဲ့ဘူး။ သူနိုင်ကိုယ်နိုင်ပဲ။ နောက်ပိုင်းနှစ်တွေမှာ ရလဒ်ပိုင်းက မျှတယ်လို့ ပြောလို့ရတယ်။ ဒီပွဲအတွက် စဉ်းစားတဲ့နေရာမှာ သမိုင်းကြောင်းကို ဖယ်ပြီး စဉ်းစားရမယ်။ အာဆင်နယ်က လိဂ်ဖလားပွဲမှာ ဆောက်သမ်တန်ကို ရှုံးတယ်။ စတုတ်စီးတီးကို ဂိုးပြတ်နိုင်ပြီး အဲဗာတန်ကို ပြန်ရှုံးတယ်။ ခြေစွမ်းပိုင်းက ငြိမ်တယ်။ ရလဒ်ကတော့ နည်းနည်းဆိုးလာတယ်။ စိတ်ပိုင်းဖြတ်မှု၊ ယုံကြည်မှုအပိုင်းတွေမှာ အားနည်းချက်ရှိနေတယ်။ မန်စီးတီးကလည်း (ဝက်ဖို့ဒ်နဲ့ ပွဲမတိုင်ခင်အထိ) နောက်ဆုံး (၁၅)ပွဲမှာ (၄) ပွဲပဲ နိုင်ခဲ့တယ်။ ဒီအနေအထားက ခက်ခဲမှုတွေ ရှိတယ်။ မဖြစ်မနေနိုင်ပွဲရှာရမယ့် အချိန်လို့တွေးနေရင်း မန်စီးတီး ရလဒ်တွေ ဆိုးခဲ့တယ်။ လက်ရှိအချိန်မှာလည်း ခံစစ်ပိုင်းက ပြဿနာရှိတယ်။ တိုက်စစ်ကတော့ သိပ်မကွာဘူး။ မန်စီးတီးကွင်း ဖြစ်ပေမယ့် အာဆင်နယ် မရှုံးလောက်ဘူး။■ စပါး နှင့် ဘန်လေ (တနင်္ဂနွေ ည ၁၀း၃၀ နာရီ)စပါးက မန်ယူကို ရှုံးခဲ့ပေမယ့် ဒီလိုပွဲမျိုး ရှုံးတာဟာ စိတ်ပျက်စရာ မဟုတ်ဘူး။ အသင်းရဲ့ ပြန်တက်စပြုလာတဲ့ ခြေစွမ်းကိုလည်း အနှောင့်အယှက် ဖြစ်စေမှာ မဟုတ်ဘူး။ စပါးတိုက်စစ်က ယုံကြည်မှု မြင့်မားနေပြီး ဂိုးဖန်တီးမှုတွေ အများကြီးလုပ်နိုင်တယ်။ စပါး သေချာပေါက်နိုင်မယ်။

Most Read

Most Recent