နာမည်ကြီး အားကစား သတင်းဝက်ဘ်ဆိုက်ဖြစ်သည့် Goal.com မှ ရွေးချယ်မည့် ၂၀၁၆ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲ အကောင်းဆုံးနည်းပြဆု ပဏာမစာရင်းတွင် မြန်မာအသင်းနည်းပြချုပ် ဂတ်ဖရိုင်းဒရစ် ပါဝင်နေကြောင်း သိရသည်။ ဂတ်ဖရိုင်းဒရစ်သည် ဗိုလ်လုပွဲရောက်ရှိနေသည့် ထိုင်းအသင်းနည်းပြချုပ် ကိုင်တီဆက်၊ အင်ဒိုနီး ရှားအသင်းနည်းပြချုပ် ရီဒယ်တို့နှင့်အတူ ပါဝင်နေခြင်း ဖြစ်သည်။
ဂတ်ဖရိုင်းဒရစ်သည် ၂၀၁၆ ဆူဇူကီး ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့သည့် မြန်မာ့လက်ရွေးစင်အသင်းကို လူငယ်ကစားသမားများဖြင့် ဖွဲ့စည်းကာ ဆီမီးဖိုင်နယ်သို့ ပို့ဆောင်ပေးနိုင်ခဲ့သောကြောင့် ပဏာမစာရင်းတွင် ပါဝင်လာခြင်း ဖြစ်သည်။ ဂတ်ဖရိုင်းဒရစ်သည် မြန်မာ့လက်ရွေးစင်အသင်းကို ကိုင်တွယ်ခဲ့သည့် တစ်နှစ်ကျော် ကာလအတွင်း အဓိကပြိုင်ပွဲအဖြစ် ဆူဇူကီးဖလားပြိုင်ပွဲတွင် ယှဉ်ပြိုင်ခဲ့ရာ ၁၂ နှစ်ကြာ ဝေးကွာနေသည့် ဆီမီးဖိုင်နယ်အဆင့်သို့ တစ်ကျော့ပြန် ပို့ဆောင်ပေးနိုင်ခဲ့သည်။ Goal.com သည် ဆူဇူကီးဖလားပြိုင်ပွဲတွင် အကောင်းဆုံးနည်းပြဆုအပြင် နေရာအလိုက် အကောင်းဆုံးဆု၊ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးဆုနှင့် လူငယ်ဆုတို့အတွက် ပရိသတ်များ၏ ဆန္ဒမဲ ကောက်ခံထားသည်။
Goal.com မှ ရွေးချယ်မည့် ၂၀၁၆ ဆူဇူကီးဖလားပြိုင်ပွဲ အကောင်းဆုံးနည်းပြ ပဏာမစာရင်းတွင် ဂတ်ဖရိုင်းဒရစ် ပါဝင်