ရီးယဲလ်မက်ဒရစ်အသင်း၏ ပေါ်တူဂီကစားသမား စီရော်နယ်လ်ဒိုသည် ၂၀၁၆ ခုနှစ် ရွှေဘောလုံးဆု Ballon d'Or ကို (၄)ကြိမ်မြောက်အဖြစ် ရရှိခဲ့ကြောင်း သိရှိရသည်။စီရော်နယ်လ်ဒိုသည် ရီးယဲလ်အသင်းနှင့် ချန်ပီယံလိဂ်ဖလား၊ ပေါ်တူဂီအသင်းနှင့် ယူရိုချန်ပီယံဆုများ ရယူနိုင်ခဲ့ခြင်းကြောင့် မူလကတည်းက ရွှေဘောလုံးဆုရရှိရန် ရေပန်းစားခဲ့သော်လည်း မက်ဆီနှင့်အပြိုင်ဖြစ်နေခြင်းကြောင့် နောက်ဆုံးအချိန်အထိ စောင့်ကြည့်ခဲ့ရခြင်းဖြစ်သည်။ပြင်သစ်ဘောလုံးမဂ္ဂဇင်းက တနင်္လာနေ့တွင် ဆုရရှိသူကို ကြေညာခဲ့ခြင်းဖြစ်ပြီး စီရော်နယ်လ်ဒိုသည် မက်ဆီနှင့် ဂရစ်ဇ်မန်းတို့ကို ကျော်ဖြတ်ကာ ရွှေဘောလုံးဆုကို (၄)ကြိမ်မြောက် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။စီရော်နယ်လ်ဒိုသည် ၂၀၀၈၊ ၂၀၁၃ နှင့် ၂၀၁၄ ခုနှစ်တို့တွင် ရရှိထားခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။