ပရီးမီးယားလိဂ်ပွဲစဉ်များ အကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ်များ အကြိုသုံးသပ်ချက်
Published 11 December 2016

■ ချယ်လ်ဆီး နှင့် ဝက်စ်ဘရွန်း (တနင်္ဂနွေည ၆း၃၀ နာရီ)
ကွန်တီက နည်းပြဟောင်း မော်ရင်ဟို တင်ရှိခဲ့တဲ့ တစ်ရာသီအတွင်း နိုင်ပွဲဆက် အများဆုံးစံချိန် (၁၀) ပွဲကို အမီလိုက်ဖို့ (၂) ပွဲပဲ လိုပါတော့တယ်။ ဝက်စ်ဘရွန်းကလည်း နောက်ဆုံး(၄)ပွဲမှာ (၃)ပွဲနိုင်ပြီး (၁)ပွဲသရေကစားခဲ့တယ်။ ချယ်လ်ဆီး ဂိုးပြတ်သွင်းဖို့ မလွယ်လို့ ဝက်စ်ဘရွန်းကို အရဲစွန့် ရွေးချယ်ချင်တယ်။
 
■ မန်ယူ နှင့် စပါး (တနင်္ဂနွေည ၈း၄၅ နာရီ)
မန်ယူအသင်းနည်းပြ မော်ရင်ဟိုရဲ့ကျော်ကြားတဲ့ one goal margin game က အလုပ်မဖြစ်တော့ဘူး။ စတုတ်စီးတီး၊ အာဆင်နယ်၊ အဲဗာတန်တို့နဲ့ပွဲတွေမှာ အနိုင်ဂိုးကို ထိန်းကစားရင်း နောက်ဆုံး (၁၀)မိနစ်အတွင်းမှာ ချေပဂိုးပြန်ပေးခဲ့ရတာ မော်ရင်ဟိုအတွက် သင်ခန်းစာယူစရာပါ။ မော်ရင်ဟိုရဲ့မန်ယူအသင်းက ဒေးဗစ်မွိုက်စ်၊ လူးဝစ်ဗန်ဟားလ်တို့ ကိုင်တွယ်ခဲ့တဲ့ အသင်းတွေထက်တောင် ရလဒ်ပိုင်းဆိုးရွားနေတယ်။ မန်ယူမှာ ကစားသမားပိုင်း တစ်ဦးချင်းစီရဲ့ ခြေစွမ်းပိုင်းက အတက်အကျ များလွန်းတယ်။ အသင်းလိုက် ဟန်ချက်မညီလို့ ရလဒ်ပိုင်းပါ ဆိုးရွားသွားတာဖြစ်တယ်။ စပါးကတော့ ချန်ပီယံလိဂ်က ထွက်ခဲ့ရပြီးတဲ့နောက် ပရီးမီးယားလိဂ်ကို ပိုအာရုံစိုက်တော့မယ့်ပုံပဲ။ တိုက်စစ်မှူးဟာရီကိန်းက နောက်ဆုံး(၃)ပွဲမှာ ပယ်နယ်တီ(၂) ဂိုးအပါအဝင် (၄)ဂိုးသွင်းထားပြီး ဖန်တီးမှုကောင်းတဲ့ အဲရစ်ဆင်ပါ ဂိုးသွင်းနှုန်း မြင့်တက်လာတာကလည်း စပါးအဖို့ ယုံကြည်မှု ပိုမြင့်နေနိုင်တယ်။ ပရီးမီးယားလိဂ် အိမ်ကွင်း(၄)ပွဲဆက် သရေကျထားတဲ့ မန်ယူ ဒီတစ်ပွဲလည်း နိုင်ပွဲပြန်တွေ့ဖို့ မလွယ်လောက်သေးဘူး။ စပါး အမှတ်ခွဲယူသွားနိုင်တယ်။
 
■ ဆောက်သမ်တန် နှင့် မစ်ဒယ်ဘရော့ (တနင်္ဂနွေည ၈း၄၅ နာရီ)
ဆောက်သမ်တန်အသင်း စစ်မျက်နှာ(၃)ခု ဖွင့်ထားရတဲ့ ဒဏ်ကြောင့် ပရီးမီးယားလိဂ်ရလဒ်ပိုင်းမှာ လာထိခိုက်နေတယ်။ အာဆင်နယ်နဲ့ မန်စီးတီးကို သရေ၊ ချယ်လ်ဆီးကို ကပ်ရှုံးခဲ့တဲ့ မစ်ဒယ်ဘရော့ကိုတော့ အသိအမှတ်ပြုရမှာပါ။ အိမ်ရှင် အလွန်ဆုံး ကပ်နိုင်ပဲဖြစ်လို့ မစ်ဒယ်ဘရော့ကို ပိုကြိုက်တယ်။
 
■ လီဗာပူးလ် နှင့် ဝက်စ်ဟမ်း (တနင်္ဂနွေည ၁၁း၀၀ နာရီ)
ဘုန်းမောက်ကို (၁၇)မိနစ်အတွင်း (၃)ဂိုးပေးပြီး အရေးနိမ့်ခဲ့တာ လီဗာပူးလ်အတွက် ရှော့ခ်တစ်ခုပါ။ ဒီပွဲအတွက် ဂိုးသမားနဲ့ ခံစစ်အတွင်း (၁) နေရာကို လီဗာပူးလ် အပြောင်းအလဲ လုပ်လာနိုင်တယ်။ ဒဏ်ရာများနေတဲ့တိုက်စစ်ကြောင့် လီဗာပူးလ် အန်ဖီးလ်မှာ (၂) ဂိုးပြတ်ဖို့ မလွယ်ဘူး။

Most Read

Most Recent