ပြီးခဲ့သည့် ချန်ပီယံလိဂ်အုပ်စုအဆင့်တွင် ပွဲစဉ် (၆) ပွဲစလုံး ရှုံးနိမ့်ကာ အုပ်စုမှ ထွက်ခဲ့ရသော ခရိုအေးရှားကလပ် ဒိုင်နမိုဇာဂရက်အသင်းသည် ချန်ပီယံလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် စွမ်းဆောင်ရည်အညံ့ဆုံး အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရှိရသည်။
ဒိုင်နမိုဇာဂရက်အသင်းသည် ဂျူဗင်တပ်စ်၊ ဆီဗီလာ၊ လိုင်ယွန်တို့နှင့်အတူ ကျရောက်ခဲ့ခြင်းဖြစ်ပြီး ပွဲတိုင်း ရှုံးနိမ့်ခဲ့ရုံသာမက သွင်းဂိုးလည်း တစ်ဂိုးမှ သွင်းယူနိုင်ခြင်း မရှိခဲ့ပေ။
ထို့ပြင် ဂိုးပေါက်တည့်အောင် ကန်သွင်းနိုင်မှုမှာလည်း (၈) ကြိမ်သာ ရှိခဲ့ပြီး ပေးဂိုး (၁၅) ဂိုး ရှိခဲ့သည့်အတွက် အညံ့ဆုံးအသင်းအဖြစ် သတ်မှတ်ခံခဲ့ရခြင်း ဖြစ်သည်။
၂၀၀၉-၁၀ ရာသီက မက္ကာဘီဟိုင်ဖာအသင်းမှာ ချန်ပီယံလိဂ်အုပ်စုအဆင့်တွင် ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့သော်လည်း ပေးဂိုး (၈) ဂိုးသာ ရှိခဲ့သည့်အတွက် ဒိုင်နမိုဇာဂရက်အသင်းက အညံ့ဆုံးနေရာကို ရရှိသွားခဲ့ခြင်း ဖြစ်သည်။
ချန်ပီယံလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် စွမ်းဆောင်ရည်အညံ့ဆုံး အသင်းအဖြစ် ဒိုင်နမိုဇာဂရက်အသင်း မှတ်တမ်းဝင်