ချန်ပီယံလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ချန်ပီယံလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 7 December 2016

ယနေ့ည ယှဉ်ပြိုင်ကစားမည့် ချန်ပီယံလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်■ လေဗာကူဆင် နှင့် မိုနာကိုလေဗာကူဆင် က အုပ်စုဒုတိယနေရာ သေချာသွားပြီ၊ မိုနာကိုက အုပ်စုဗိုလ်နေရာ သေချာသွားပြီ။ ရှောင်ကစား၊ ထိန်းကစားဖို့က လွဲပြီး အခြားရည်မှန်းချက် မရှိနိုင်တော့ဘူး။ ဂုဏ်သိက္ခာပိုင်းကို ထည့်စဉ်းစားနေရမယ့် ပြိုင်ဘက်တွေလည်း မဟုတ်ပါဘူး။ ဒီပွဲက ကစားသမားအင်အား ချွေတာပြီး ကစားလိမ့်မယ်။ သရေရလဒ်နဲ့ပဲ ပြီးဆုံးသွားလိမ့်မယ်။■ စပါး နှင့် CSKA မော်စကိုပွဲစဉ် (၅) တုန်းက ရလဒ်တွေကြောင့် စပါးက ချန်ပီယံလိဂ် နောက်တစ်ဆင့်တက်ရေး အိပ်မက် ကုန်ဆုံးသွားသလို၊ CSKA မော်စကိုကလည်း ချန်ပီယံလိဂ်အိပ်မက် နိဂုံးချုပ်သွားတယ်။ ဒီပွဲက ယူရိုပါလိဂ် မျှော်လင့်ချက်အတွက် ကစားရမှာပါ။ CSKA က အိမ်ကွင်းမှာတုန်းက (ဝ-၁) ဂိုးနဲ့ ရှုံးထားလို့ ဂိုးပြတ် အနိုင်ကစားရမယ်။ ဒါပေမဲ့ စပါး ဂိုးပြတ်သွင်းမှာပါ။ ခြေကွာတယ်။■ ရီးယဲလ် နှင့် ဒေါ့မွန်ရီးယဲလ်မက်ဒရစ်က အုပ်စုဗိုလ်နေရာကို လိုချင်ရင် ဒီပွဲကို မဖြစ်မနေ အနိုင်ကစားရလိမ့်မယ်။ ပထမအကျော့ ဒေ့ါမွန်ကွင်းမှာတုန်းကတော့ ဒေါ့မွန်ရဲ့ ခြေစွမ်းပိုင်းက အပြတ်အသတ် သာခဲ့ပြီး ရီးယဲလ် မယှဉ်နိုင်ခဲ့ဘူး။ လက်ရှိ ရီးယဲလ်ကတော့ အကောင်းဆုံးပုံစံ ပြန်ရနေတယ်။ မိုဒရစ် ပြန်ပါလာပြီးကတည်းက ခြေစွမ်းပိုင်း တည်ငြိမ်လာခဲ့တယ်။ အစဉ်အလာပိုင်းအရဆိုရင် မက်ဒရစ်မှာ ကစားခဲ့တဲ့ နောက်ဆုံး (၅) ပွဲမှာ ရီးယဲလ်က ရှုံးပွဲမရှိခဲ့ဘူး။ ၂၀၁၃-၁၄ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ထိပ်တိုက်တွေ့တုန်းကလည်း ရီးယဲလ်က အိမ်ကွင်းရလဒ်ကြောင့် နှစ်ကျော့ပေါင်း (၃-၂) ဂိုးနဲ့ ဆီမီးဖိုင်နယ် တက်ခဲ့တယ်။ဒီရာသီ ခြေစွမ်းအရဆိုရင် ဒေါ့မွန်က အုပ်စုတွင်းမှာ (၁၉) ဂိုးတောင် သွင်းနိုင်ခဲ့တယ်။ ချန်ပီယံလိဂ်သမိုင်းမှာ အုပ်စုပွဲစဉ်တွေအတွက် အများဆုံး စံချိန်တင်ထားတာက ဂိုး (၂၀) ဖြစ်ပြီး ဒီပွဲမှာ ဒေါ့မွန်က ဒီစံချိန်ကို အနည်းဆုံး အမီလိုက်နိုင်လိမ့်မယ်။ ရီးယဲလ်ရဲ့ ကစားပုံရော၊ ခံစစ်ရောကောင်းပေမယ့် ဒေါ့မွန်တိုက်စစ်က ဂိုးသွင်းနိုင်မှာ သေချာတယ်။ ရီးယဲလ်ကလည်း မဖြစ်မနေ အနိုင်ကစားရမယ့် ပွဲဖြစ်နေတဲ့အပြင်၊ လက်ရှိခြေစွမ်းနဲ့ အစဉ်အလာပိုင်းကြောင့် အနိုင်ရလိမ့်မယ်။ (၂-၁)၊ (၃-၂)ရလဒ်တွေကြိုက်တယ်။■ လီဂီယာဝါဆော နှင့် စပို့တင်းလစ္စဘွန်းလီဂီယာဝါဆောရဲ့ တိုက်စစ်က အရှိန်ရနေတယ်။ နောက်ဆုံး (၅)ပွဲမှာ (၁၈)ဂိုးရထားတယ်။ ဒေ့ါမွန်နဲ့ အဝေးကွင်းပွဲမှာ ဂိုးပြတ်ရှုံးပေမယ့် (၄)ဂိုး ပြန်သွင်းနိုင်ခဲ့တယ်။ ဒီလိုတိုက်စစ်က ဒီပွဲကြမှ ဂိုးပေါက်ပျောက်သွားစရာ မရှိဘူး။ ဒီပွဲနိုင်ရင် ယူရိုပါလိဂ်ဝင်ခွင့် ရသွားမယ့် အခွင့်အရေးလည်း ရှိနေတယ်။ လီဂီယာဝါဆောကိုပဲ ကြိုက်တယ်။■ ကလပ်ဘရုဂေး နှင့် FC ကိုပင်ဟေဂင်အုပ်စုတွင်းမှာ (၅) ပွဲစလုံး ရှုံးထားတဲ့ ဘရုဂေးက ဒီပွဲကျမှ အမှတ်ထယူမယ့် မျှော်လင့်ချက် မရှိလောက်တော့ပါဘူး။ ခြေစွမ်းအရ စဉ်းစားရင်လည်း FC ကိုပင်ဟေဂင်ကို ယှဉ်မကစားနိုင်တာ သေချာတယ်။လက်စတာကွင်းမှာ၊ ပေါ်တိုကွင်းမှာ ကစားခဲ့တဲ့ ကိုပင်ဟေဂင်ရဲ့ အဝေးကွင်းခြေစွမ်းက ဘရုဂေးကို ကြောက်စရာမရှိဘူး။ FC ကိုပင်ဟေဂင် နိုင်လိမ့်မယ်။■ ပေါ်တို နှင့် လက်စတာပေါ်တိုက ဒီပွဲကို မဖြစ်မနေ အနိုင်ကစားရမယ့် အခြေအနေမှာ ရှိတယ်။ နိုင်ရင် ရှုံးထွက်တက်ပြီ။ သရေဆိုရင်တော့ ကိုပင်ဟေဂင်က ဘရုဂေးကို အနိုင်ရခဲ့ရင် ကျော်တက်သွားလိမ့်မယ်။ အင်္ဂလန်အသင်းတွေရဲ့ အစဉ်အလာအရဆိုရင် ဒီလိုပွဲတွေကို အလျှော့မပေးတတ်ဘူး။ ဒါပေမဲ့ လက်စတာက ပြည်တွင်းကို ပိုအာရုံစိုက်ရတော့မယ်။ ပေါ်တို နိုင်ပါလိမ့်မယ်။■ လိုင်ယွန် နှင့် ဆီဗီလာဆီဗီလာက အိမ်ကွင်းမှာ ယက်ဒါရဲ့ဂိုးနဲ့ အနိုင်ရခဲ့တယ်။ ဒီပွဲမှာလည်း လိုင်ယွန်က မျှော်လင့်ချက်နည်းနေပြီ ဆိုပေမယ့် နှစ်ဂိုးပြတ်နဲ့အထက် အနိုင်ရခဲ့ရင် ဆီဗီလာကို ကျော်သွားလိမ့်မယ်။ ဒါကြောင့် တိုက်စစ်ဖွင့် ကစားမှာပဲ။ ဒါပေမဲ့ ဆီဗီလာသရေရလဒ်ကို ထိန်းကစားနိုင်ပါလိမ့်မယ်။■ ဂျူဗင်တပ်စ် နှင့် ဒိုင်နမိုဇာဂရက်ဂျူဗင်တပ်စ်က ရှုံးထွက် တက်သွားပြီဆိုပေမယ့် အုပ်စု ဗိုလ်နေရာ သေချာဖို့ နိုင်ပွဲရဖို့လိုတယ်။ သရေဆိုရင် ဆီဗီလာက လိုင်ယွန်ကိုနိုင်ခဲ့ရင် ပြန်ကျော်တက်သွားလိမ့်မယ်။ ပြည်တွင်းလိဂ်မှာလည်း ဂျူဗင်တပ်စ်က သက်သောင့်သက်သာ အနေအထားမှာ ရှိနေတယ်။ ဒီပွဲကို အပြည့်အဝအာရုံစိုက်ပြီး ဂိုးပြတ် အနိုင်ကစားလိမ့်မယ်။

Most Read

Most Recent