၂၀၁၆ ဆူဇူကီးဖလားပြိုင်ပွဲအား ရုပ်သံထုတ်လွှင့်ခွင့် ရရှိထားသည့် Fox Sports Asia မှ ချီးမြှင့်မည့် တစ်ဦးချင်း ထူးချွန်ဆုများအတွက် ဒီဇင်ဘာ ၂ ရက်မှစ၍ ဆန္ဒမဲကောက်ခံလျက်ရှိကြောင်း သိရသည်။ Fox Sports သည် ၂၀၁၆ ဆူဇူကီးဖလားပြိုင်ပွဲ၏ အကောင်းဆုံး ဘောလုံးသမားဆု၊ သွင်းဂိုးအများဆုံးဆု၊ အကောင်းဆုံးဂိုးသမားဆု၊ အကောင်းဆုံး အလယ်တန်းဆု၊ အကောင်းဆုံးနောက်တန်းဆုနှင့် အကောင်းဆုံး သွင်းဂိုးဆုတို့အတွက် ဆန္ဒမဲကောက်ခံနေခြင်း ဖြစ်သည်။
Fox Sports Asia သည် ယင်းဆုများအတွက် အမျိုးအစားတစ်ခုလျှင် ဆန်ခါတင် သုံးဦးစီ ရွေးချယ်ထားပြီး ပရိသတ်များ၏ ဆန္ဒမဲကောက်ခံထားကာ ဒီဇင်ဘာ ၁၈ ရက်အထိ မဲပေးနိုင်ကြောင်း သိရသည်။ ယင်းဆုခြောက်ခုတွင် မြန်မာအသင်း တိုက်စစ်မှူး အောင်သူနှင့် အသင်းခေါင်းဆောင် ရန်အောင်ကျော်တို့ ပါဝင်နေပြီး ရန်အောင်ကျော်မှာ အကောင်းဆုံး ဘောလုံးသမားဆု၊ အောင်သူမှာ သွင်းဂိုးအများဆုံးဆုတွင် ပါဝင်နေခြင်းဖြစ်သည်။ Fox Sports Asia မှ ရွေးချယ်မည့် ဆုများအနက် ဆန်ခါတင်စာရင်းတွင် ပါဝင်နေသူများမှာ အကောင်းဆုံး ဘောလုံးသမားဆုအတွက် ရန်အောင်ကျော် (မြန်မာ)၊ ဆန်နီ(စင်ကာပူ)၊ တီယာဆေးလ်ဒန်ဒါ (ထိုင်း)၊ သွင်းဂိုးအများဆုံး ရွှေဖိနပ်ဆုအတွက် အောင်သူ (မြန်မာ)၊ ဆိုလော့ဆာ (အင်ဒိုနီးရှား)၊ တီယာဆေးလ်ဒန်ဒါ (ထိုင်း)၊ အကောင်းဆုံးဂိုးသမားဆု အတွက် ဆန်နီ (စင်ကာပူ)၊ ဖာမီ (မလေးရှား)၊ သာမန်ဆက်ချာနန် (ထိုင်း)၊ အကောင်းဆုံးအလယ်တန်း ဆုအတွက် အမ်မရီ (မလေးရှား)၊ လောင်ကျန်ထရောင် (ဗီယက်နမ်)၊ စတီဖင် (ဖိလစ်ပိုင်)၊ အကောင်းဆုံးနောက်တန်းဆုအတွက် အာမာနီ (ဖိလစ်ပိုင်)၊ ဘန်းနက် (စင်ကာပူ)၊ ရီဇယ် (မလေးရှား)၊ အကောင်းဆုံးသွင်း ဂိုးဆုအတွက် ဗာသာနာကာ (ကမ္ဘောဒီးယား)၊ အမ်မရီ (စင်ကာပူ)၊ ဖိလစ်ယန်းဟက်စဘန်း (ဖိလစ်ပိုင်) တို့ ပါဝင်နေသည်။
ယခုရွေးချယ်ထားသည့် ဆန်ခါတင်စာရင်းတွင် အုပ်စုအဆင့်မှ ထွက်ခဲ့ရသည့် ကစားသမားများလည်း ပါဝင်နေပြီး ထိုင်းတိုက်စစ်မှူး တီယာဆေးလ်ဒန်ဒါနှင့် စင်ကာပူဂိုးသမား ဆန်နီတို့မှာ ဆုနှစ်ခုအတွက် ဆန်ခါတင်စာရင်းတွင် ပါဝင်နေကာ ပြိုင်ပွဲအပြီးတွင် ထုတ်ပြန်ကြေညာ မည်ဖြစ်ကြောင်း သိရသည်။
Fox Sports Asia မှ ချီးမြှင့်မည့် ၂၀၁၆ ဆူဇူကီးဖလားပြိုင်ပွဲ၏ အကောင်းဆုံးဆု၊ သွင်းဂိုးအများဆုံးဆု၊ ဂိုးသမားဆုအပါအဝင် ဆုခြောက်ခုအတွက် ပရိသတ်များ၏ ဆန္ဒမဲကောက်ခံ