ရန်ကုန် စတော့ဈေးကွက် ဒုတိယနေ့တွင် ဈေးစဖွင့်သည့် ပထမနေ့ထက် First Myanmar Investment (FMI) ကုမ္ပဏီ၏ ရှယ်ယာတစ်စုလျှင် ကျပ် ၅၀၀၀ ဈေးတက်ကာ ကျပ် ၃၆၀၀၀ ဖြင့် အမြင့်ဆုံး ဈေးသတ်မှတ်ခဲ့ပြီး ကျပ် ခုနစ်ဘီလျံကျော်ဖိုး အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း ၂၀၁၆ ခုနှစ် မတ် ၂၈ ရက်တွင် ရန်ကုန်စတော့အိတ်ချိန်း ဈေးကွက်အတွင်းမှ သိရသည်။ဈေးကွက် စဖွင့်ချိန်တွင် ရှယ်ယာ တစ်စုလျှင် ကျပ် ၃၁၀၀၀ ဖြင့် ဈေးဖွင့်ခဲ့ပြီး ဝယ်လိုအား ပိုများသောကြောင့် အမြင့်ဆုံးဈေး ကျပ် ၃၆၀၀၀ ဈေး သတ်မှတ်ခဲ့ကာ ရှယ်ယာ စုစုပေါင်း ၂၀၇၅၃၂ စု ကျပ်သန်း ၇၄၇၁ ဒသမ ၁၅၂ (ခုနစ်ဘီလျံ) ကျော်ဖိုး အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရသည်။“စတော့ ဈေးကွက်ကို အဖွင့်ဈေး သတ်မှတ်တဲ့ နေရာမှာ သင်္ချာနည်းနဲ့ တွက်မယ်ဆိုရင် လေးမျိုးလောက်ရှိတယ်။ ဒါပေမဲ့ FMI ကို သတ်မှတ်ထားတာက သင်္ချာနည်းနဲ့ မဟုတ်ဘူး။ Historically Method လို့ ခေါ်တဲ့ သမိုင်းကြောင်းကို သတ်မှတ်တဲ့နည်း။ အဲဒါက ဘာကို ကြည့်တာလဲ ဆိုတော့ အချိန် ၃ ချိန်မှာ ရှိနေတဲ့ ရှယ်ယာဈေးကို ကြည့်တာ။ အချိန် ၃ ချိန် ဆိုတာက နံပါတ် ၁ ဒီမှာ Listed မလုပ်ခင် နောက်ဆုံး ရှိနေတဲ့ စတော့ဈေးနှုန်းကို ယူလိုက်တယ်။ နောက် Stock Exchange မှ Listed လုပ်မယ်လို့ ကြေညာတဲ့ အချိန်မှာ ရှိတဲ့ ဈေးနှုန်းရယ်၊ နောက်ဆုံး Listed လုပ်ဖို့ ဘယ်နေ့၊ ဘယ်ရက်မှာ စလုပ်မယ် ဆိုတာ ကြေညာလိုက်တဲ့ အချိန်မှာ ဖြစ်နေတဲ့ ဈေးနှုန်းရယ် အဲဒီ သုံးခုကို မူတည်ပြီး တွက်လိုက်တာ” ဟု မြန်မာနိုင်ငံ ငွေချေးသက်သေခံ လက်မှတ် လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင် ဥက္ကဋ္ဌ၊ ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ဆိုသည်။ရန်ကုန် စတော့အိတ်ချိန်း စဖွင့်ရက်ဖြစ်သည့် မတ် ၂၅ ရက်တွင် FMI ၏ ရှယ်ယာတစ်စုလျှင် ကျပ် ၃၁၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရသည်။ ရန်ကုန်စတော့အိတ်ချိန်း၏ ရှယ်ယာ အရောင်းအဝယ်ကို နံနက် ၁၁ နာရီ တစ်ကြိမ်၊ မွန်းလွဲ ၁ နာရီ တစ်ကြိမ်ဖြင့် နေ့စဉ် နှစ်ကြိမ် ရုံးဖွင့်ရက်များတွင်သာ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန် စတော့ဈေးကွက်၌ ဒုတိယနေ့တွင် ကျပ် ၅၀၀၀ ဈေးတက်ကာ ရှယ်ယာ တစ်စုလျှင် ကျပ် ၃၆၀၀၀ ဖြင့် အမြင့်ဆုံး ဈေးသတ်မှတ်ခဲ့ပြီး ကျပ် ခုနစ်ဘီလျံကျော်ဖိုး အရောင်းအဝယ်ဖြစ်










