ဒဂုံမြို့သစ်အရှေ့ပိုင်း မလစ်ကျေးရွာအုပ်စုရှိ မြေဧက ၅၅၀ ပေါ် အကောင်အထည် ဖော်ဆောင်မည့် ပုဂ္ဂလိကပိုင် အသေးစား စက်မှုဥယျာဉ် အကောင်အထည်ဖော် လုပ်ကိုင်ခွင့်ကို တရုတ်မိတ်ဖက် ကုမ္ပဏီများ ပါဝင်သည့် Excellent Fortune Construction ကုမ္ပဏီအား လုပ်ပိုင်ခွင့် ချပေးမှုအပ

ဒဂုံမြို့သစ်အရှေ့ပိုင်း မလစ်ကျေးရွာအုပ်စုရှိ မြေဧက ၅၅၀ ပေါ် အကောင်အထည် ဖော်ဆောင်မည့် ပုဂ္ဂလိကပိုင် အသေးစား စက်မှုဥယျာဉ် အကောင်အထည်ဖော် လုပ်ကိုင်ခွင့်ကို တရုတ်မိတ်ဖက် ကုမ္ပဏီများ ပါဝင်သည့် Excellent Fortune Construction ကုမ္ပဏီအား လုပ်ပိုင်ခွင့် ချပေးမှုအပ
Published 28 March 2016
ဖြိုးဝေ

ဒဂုံမြို့သစ်အရှေ့ပိုင်း မလစ်ကျေးရွာအုပ်စုရှိ မြေဧက ၅၅၀ ပေါ် အကောင်အထည် ဖော်ဆောင်မည့် ပုဂ္ဂလိကပိုင် အသေးစား စက်မှုဥယျာဉ် အကောင်အထည်ဖော် လုပ်ကိုင်ခွင့်ကို တရုတ်မိတ်ဖက် ကုမ္ပဏီများ ပါဝင်သည့် Excellent Fortune Construction ကုမ္ပဏီအား လုပ်ပိုင်ခွင့် ချပေးမှုအပေါ် ဇေကမ္ဘာ ဦးခင်ရွှေ၏ NDCG အများပိုင် ကုမ္ပဏီ သတင်းစာ ရှင်းလင်းဒဂုံမြို့သစ် (အရှေ့ပိုင်းမြို့နယ်) မလစ်ကျေးရွာ အုပ်စုရှိ မြေဧက ၅၅၀ အပေါ် အကောင်အထည်ေ ဖာ်ဆောင်မည့် ပုဂ္ဂလိကပိုင် အသေးစား စက်မှုဥယျာဉ် အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ကို တရုတ်မိတ်ဖက် ကုမ္ပဏီများ ပါဝင်သည့် Excellent Fortune Construction ကုမ္ပဏီအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ တင်ဒါခေါ်ယူ စိစစ်ရေး အဖွဲ့က လုပ်ပိုင်ခွင့် ချပေးခဲ့မှုအပေါ် ဇေကမ္ဘာ ဦးခင်ရွှေ၏ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီအုပ်စု လီမိတက် (NDCG) က သတင်းစာ ရှင်းလင်းမှုကို မတ် ၂၈ ရက်က ရန်ကုန်မြို့ရှိ NDCG ရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ တင်ဒါခေါ်ယူ စိစစ်ရေး အဖွဲ့က ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန် အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်၊ မလစ်ကျေးရွာ အုပ်စု၊ ထောင်တလုပ် ကျေးရွာ၊ မစိုကွင်း၊ ကွင်းအမှတ် ၄၈၂ နှင့် မလစ်ကျေးရွာ၊ ကြာနီကန်ကွင်း၊ ကွင်းအမှတ် ၁၁၀၇-က နှင့် ၁၁၀၇-ခ ရှိ မြေဧရိယာများ၏ တစ်စိတ်တစ်ဒေသတွင် ပါဝင်သည့် မြေဧရိယာ ဧက ၅၅၀ ပေါ်တွင် ပုဂ္ဂလိကပိုင် အသေးစား စက်မှုဥယျာဉ် တည်ထောင်ရန် ယခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်က တင်ဒါရောင်းချ၍ မတ် ၁၀ ရက်တွင် တင်ဒါပိတ်ကာ မတ် ၂၅ ရက်တွင် နိုင်ငံအတွက် ကျပ် ၁၈ ဘီလျံခန့် နစ်နာစေသည့် လုပ်ငန်း လုပ်ကိုင်ခွင့်ကို Excellent Fortune Construction ကုမ္ပဏီနှင့် လက်မှတ် ရေးထိုးခဲ့သည်ဟု NDCG မှ တာဝန်ရှိသူများက ပြောကြားသည်။တင်ဒါ ခေါ်ယူရာတွင် အများပိုင် ကုမ္ပဏီကို ဦးစားပေးမည်၊ တင်ဒါ ယှဉ်ပြိုင်မှု တူညီနေပါက မူလ မြေပိုင်ဆိုင်မှုနှင့် သက်ဆိုင်သူများကို ဦးစားပေးမည် စသည့် အချက်များ ဖော်ပြခဲ့ပြီး တင်ဒါ ယှဉ်ပြိုင်ခွင့် မရသူများ အဖြစ် စီးပွား/ကူးသန်း၏ အမည်ပျက် စာရင်းတွင် ပါဝင်နေခြင်း၊ ကုမ္ပဏီ ဖျက်သိမ်းရန်နှင့် စာရင်း ရှင်းလင်းရန် လုပ်ကိုင်နေခြင်း၊ တရားရေး စီမံခန့်ခွဲမှု အောက်တွင် ရောက်ရှိနေခြင်းနှင့် ရာနှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအောက် ရောက်ရှိနေသည့် ကုမ္ပဏီများ ပါဝင် ယှဉ်ပြိုင်ခွင့် ရရှိမည် မဟုတ်ကြောင်း တင်ဒါ စည်းကမ်းချက်များတွင် ဖော်ပြခဲ့သည်။အဆိုပါ တင်ဒါ ခေါ်ယူပြီးနောက် အစုရှယ်ယာရှင် ၂၀၀၀၀ ကျော်၊ မတည် ရင်းနှီးငွေ ကျပ်သိန်းပေါင်း ၆၀၀၀၀ ခန့်ဖြင့် နိုင်ငံတော်အတွက် ၁၉၉၉-၂၀၀၀ ဘဏ္ဍာနှစ် ဝန်းကျင်မှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အထိ ကျပ်သိန်းပေါင်း ၃၆၀၀၀ ခန့် အခွန်ဆောင်ထားသည့် NDCG က ပုဂ္ဂလိကပိုင် အသေးစား စက်မှုဥယျာဉ် ထူထောင်မှုအဖြစ် နိုင်ငံတော် အတွက် ကျပ်သန်း ၂၀၀၀ ပေးဆောင်မည် ဖြစ်ကြောင်းနှင့် စီမံကိန်း လုပ်ခွင့်ဆိုင်ရာ အချက်အလက်များကို တင်ပြခဲ့သည်။ ထိုသို့ NDCG က တင်ပြနေသော်လည်း Excellent Fortune Construction ကုမ္ပဏီက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေအတွက် ငွေကျပ် သိန်း ၆၀၀၀ ကို စာချုပ်လက်မှတ် ရေးထိုးသည့်နေ့တွင် ထည့်ဝင်၍ စတင် တည်ဆောက်သည့် ခုနှစ်မှ တစ်နှစ်လျှင် နိုင်ငံတော်အတွက် တစ်ဧကလျှင် ကျပ်သုံးသိန်းနှုန်းဖြင့် ၅၅၀ ဧကအတွက် ငွေကျပ် သိန်း ၁၆၅၀ ကို ငါးနှစ် ဆက်တိုက် လှူဒါန်းမည်ဟုသာ တင်ပြခဲ့သည်။NDCG က ငွေကျပ် ၂၀ ဘီလျံနှင့် ညီမျှသည့် ငွေကို နိုင်ငံတော်အတွက် ထည့်ဝင်နေချိန်တွင် နိုင်ငံတော် အတွက် ကျပ် ၁ ဒသမ ၄၅ ဘီလျံသာ ပေးဆောင်မည့် Excellent Fortune Construction ကုမ္ပဏီကို ပုဂ္ဂလိကပိုင် အသေးစား စက်မှုဥယျာဉ် အကောင်အထည် ဖော်ဆောင်ခွင့် ပေးခဲ့သည့်အပေါ် မစဉ်းစားတတ်အောင် ဖြစ်ရကြောင်း NDCG ဥက္ကဋ္ဌ ဦးခင်ရွှေက ပြောကြားသည်။“တင်ဒါခေါ်တဲ့ အချိန်မှာ တာဝန်ရှိတဲ့ ဝန်ကြီး ဦးကျော်စိုးက ခင်ဗျားတို့ တင်ဒါခေါ်တာ ခင်ဗျားတို့မှာ မြေကြီး ရှိလား မေးတယ်။ အဲဒါဆိုရင် တင်ဒါ ခေါ်ကတည်းကိုက မြေကြီး ရှိတဲ့သူပဲ လျှောက်ပါလို့ ခေါ်ရမှာ။ သူများမြေကို တင်ဒါခေါ်လို့ မရဘူး။ ကျွန်တော်တို့ရဲ့ အတွေ့အကြုံအရ အိုးအိမ်က တင်ဒါ ခေါ်တယ်ဆိုရင် အဲဒီမှာ မြေကြီး ရှိပြီးသား။ ကျွန်တော်တို့က အပြိုင်အဆိုင် တင်ပြီး ရတဲ့သူက ယူကြေးပဲ။ ကျွန်တော်တို့ဆီမှာ မြေကြီး ရှိတယ်။ ကျွန်တော်တို့က ကျပ် ဘီလျံ ၂၀ ပေးတယ်။ ဒါက နားလည်မှုပဲ။ တင်ဒါခေါ်တာကို ကြည့်လိုက်ရင် သဘောပေါက်မယ်။ ဈေးနှုန်းချင်းတူမှ မြေကြီးပိုင်သူကို ဦးစားပေးမယ်။ ဒါက နားလည်မှု။ ဒါက အိတ်ဖွင့်တင်ဒါ ဖြစ်နေတယ်။ ကျွန်တော်တို့က သွားတင်လိုက်မိတယ်။ ဈေးက အဲဒီလို ဖြစ်နေတော့ မီးရရှိရေး အတွက်တောင်းတယ်။ အစိုးရ အဖွဲ့က မပေးနိုင်ဘူး။ ရေအရင်းအမြစ် တောင်းတယ်။ အစိုးရ အဖွဲ့က မပေးနိုင်ဘူး။ ရတယ်၊ တစ်ခုပဲပေး။ ကျွန်တော်တို့က အများပြည်သူအတွက် လုပ်နေတယ်။ မြေကလည်း လက်ဝါးကြီး အုပ်ထားတယ်။ မဝယ်ရသေးဘဲ စရန်ပေးထားတယ်။ စရန်ပေးပြီးတော့မှ လက်ဝါးကြီး အုပ်ထားတယ်။ ပြီးတော့မှ လက်ဝါးရိုက်တယ်။ လက်ဝါးချင်း ရိုက်ပြီးမှ ဒါကြီးကို တင်ဒါခေါ်တယ်။ ပြောရလို့ ရှိရင် ရန်ကုန်နဲ့ ပဲခူး ဆက်နေတယ်။ ရန်ကုန်နဲ့ ဧရာဝတီကလည်း ဆက်နေတယ်။ ဒီလယ်ယာမြေတွေကို လန ၃၀-က ပေးထားတယ်။ ဒီကုမ္ပဏီနဲ့ မိတ်ဖက်ကုမ္ပဏီတွေကို သွားကြည့်လိုက်တော့လည်း အကုန်လုံးကလည်း အပွင့်လင်းဆုံး ပြောရရင် တရုတ် ကုမ္ပဏီတွေချည်းပဲ။ နောက်တင်ဒါမှာ တစ်ပိုဒ်ကို ကျွန်တော်က သဘောမကျတာက ၁၀၀ ရာခိုင်နှုန်း နိုင်ငံခြားသားပိုင်တဲ့ ကုမ္ပဏီတွေလုပ်လို့ မရဘူးတဲ့။ ၉၅ ရာခိုင်နှုန်းအထိ ပိုင်တဲ့ ကုမ္ပဏီတွေ လုပ်လို့ရတဲ့ သဘော ဖြစ်နေတယ်။ ကျွန်တော်တို့က ရာနှုန်းပြည့် နိုင်ငံသားပိုင်တာ” ဟု NDCG ဥက္ကဋ္ဌ ဦးခင်ရွှေက ပြောကြားသည်။မကြာမီ ရက်အနည်းငယ်အတွင်း ဖြစ်သည့် မတ် ၃၀ ရက်တွင် လက်ရှိ အစိုးရ၏ သက်တမ်း ကုန်ဆုံးတော့မည်ဖြစ်ပြီး အဆိုပါ သက်တမ်း မကုန်ဆုံးမီ အချိန်တွင် NDCG က ငွေကျပ် ဘီလျံ ၂၀ နှင့် ညီမျှသည့် ငွေကို နိုင်ငံတော်အတွက် ထည့်ဝင်နေချိန်တွင် နိုင်ငံတော်အတွက် ကျပ် ၁ ဒသမ ၄၅ ဘီလျံသာ ပေးဆောင်မည့် Excellent Fortune Construction ကုမ္ပဏီနှင့် ပုဂ္ဂလိကပိုင် အသေးစား စက်မှုဥယျာဉ် အကောင်အထည် ဖော်ဆောင်ခွင့် မည်သည့် အတွက်ကြောင့် အမြန်ဆုံး လက်မှတ်ရေးထိုးရသနည်းဟု ဦးခင်ရွှေက မေးခွန်းထုတ်သည်။ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့၏ တင်ဒါခေါ်ယူမှုများနှင့် ပတ်သက်၍ မကြာသေးမီကလည်း ရန်ကုန်မြို့တွင် မီးပွိုင့် ၁၅၀ ကျော်ကို ထိန်းချုပ်မည့် ဗဟိုမီးပွိုင့် ထိန်းချုပ်ရေး စခန်းအတွက် ငွေကျပ် အနည်းဆုံး ကုန်ကျအောင် လုပ်ဆောင်ပေးမည့် ကုမ္ပဏီကို မရွေးဘဲ ငွေကျပ် အများအပြား သုံးစွဲမည့် တရုတ်ကုမ္ပဏီကို ရွေးချယ်သည့်အတွက် ဝေဖန်ခံရမှုများနှင့် သတင်းစာရှင်းလင်းမှု ဖြစ်ပေါ်ခဲ့သည်။ လက်ရှိတွင်လည်း Excellent Fortune Construction ကုမ္ပဏီနှင့် NDCG တို့အကြား လုပ်ပိုင်ခွင့် အငြင်းပွားမှုများတွင် လာဘ်ပေးလာဘ်ယူမှုများ ရှိနေပါက အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သို့ တိုင်ကြားသွားရန် ရှိ မရှိ Daily Eleven သတင်းစာက မေးမြန်းရာ ဦးခင်ရွှေက “လာဘ်ပေးလာဘ်ယူမှုများသည် Under Table မှ သာ အပေးအယူ လုပ်နေသည့်အတွက် တိုင်ကြား၍ မထူးနိုင်ကြောင်း” ပြန်လည်ပြောကြားသည်။NDCG ၏ သတင်းစာ ရှင်းလင်းမှုများနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ တင်ဒါ စိစစ်ရေး အဖွဲ့ခေါင်းဆောင် သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးကျော်စိုးအား ဆက်သွယ်မေးမြန်းရာ ၎င်းက မြေလက်ဝါးကြီးအုပ်ထားသည်၊ လက်ဝါးချင်း ရိုက်ထားသည်ဆိုခြင်း၊ နိုင်ငံတော်အတွက် ဘီလျံများစွာ နစ်နာသည် ဆိုခြင်းနှင့် ပတ်သက်၍ “ပြောရရင်တော့ Excellent Fortune Construction ကုမ္ပဏီဆိုတာ ပြည်တွင်းကုမ္ပဏီပါ။ တင်ဒါခေါ်ယူ စိစစ်ရေး အဖွဲ့ဝင်တွေကိုလည်း လိုက်မေးလို့ ရပါတယ်။ သူတို့ ပြောသလို စွပ်စွဲချက် ဖြစ်လာတာက ပြည်ပ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေက မြန်မာ နိုင်ငံမှာ ရင်းနှီးမြှုပ်နှံချင်တဲ့ အနေအထားမှာ ရှိတယ်။ ရှိတော့ အဲဒီ အနေအထားတွေက ဖြစ်လာတယ်။ ကုမ္ပဏီကတော့ ပြည်တွင်း ကုမ္ပဏီပါ။ မြေနဲ့ ပတ်သက်လို့ တင်ဒါက လုပ်ကိုင်ခွင့်ပေးတဲ့ အတိုင်းပါ။ တင်ဒါ စည်းကမ်းချက်များအတိုင်း ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ဦးခင်ရွှေတို့ အဖွဲ့က အစိုးရကို မြေသိမ်းခိုင်းနေတယ်။ ဒီမိုကရေစီ အစိုးရခေတ်မှာ မြေသိမ်းလို့ ရသေးလား။ အစိုးရ မြေသိမ်းတယ် ဆိုတာက ယခင် တပ်မတော် ခေတ်ကပဲ သိမ်းခဲ့တာပါ။ ကြိုက်သလောက် ပေးပါ။ ဘီလျံ ၁၀၀၀ ပေးလည်း တာဝန်ပေးလို့ မရပါဘူး” ဟု ပြောကြားသည်။     

Most Read

Most Recent