လွှတ်တော် အစည်းအဝေးများတွင် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ လာရောက် ရှင်းလင်းချက်များသည် ၎င်းတို့၏ ဆောင်ရွက်ချက်များကိုသာ ရှင်းလင်းတင်ပြမှုများ ဖြစ်နေပြီး မေးခွန်းများနှင့် ပတ်သက်ပြီး အကျိုးသက်ရောက်မှု ရလဒ်တင်ပြမှုမှာ မရှိသလောက် နည်းပါးနေကြောင်း အမျိုးသားလွှတ်တော် တောင်သူလယ်သမားနှင့် အလုပ်သမား အကျိုးစီးပွား မြှင့်တင်ရေး ကော်မတီ၏ အစီရင်ခံစာတွင် သုံးသပ်ထားသည်။
ဇန်နဝါရီ ၁၄ ရက်က ပြုလုပ်သည့် အမျိုးသား လွှတ်တော်တွင် တောင်သူလယ်သမားနှင့် အလုပ်သမား အကျိုးစီးပွား မြှင့်တင်ရေး ကော်မတီက ပထမအကြိမ် လွှတ်တော် သက်တမ်းအတွင်း ကော်မတီ၏ လေ့လာတွေ့ရှိ ချက်များကို အစီရင်ခံစာ တင်သွင်းခဲ့ခြင်း ဖြစ်သည်။
လွှတ်တော် ကော်မတီလုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲများနှင့် လွှတ်တော် အစည်းအဝေးများ ပြုလုပ်ရာတွင် ပြည်ထောင်စုအဆင့် အပါအဝင် တာဝန်ရှိပုဂ္ဂိုလ်များ လွှတ်တော်တွင် လာရောက်ရှင်းလင်း တင်ပြချက်များသည် ၎င်းတို့၏ ဆောင်ရွက်ချက်များကိုသာ ဦးစားပေး ရှင်းလင်းတင်ပြမှု များသာဖြစ်ပြီး အဆိုပါ မေးခွန်းနှင့် ပတ်သက်ပြီး အကျိုးသက်ရောက်မှု ရလဒ်များကိုမူ သိသာထင်ရှားစွာ တင်ပြမှု မရှိသလောက် နည်းပါးကြောင်း၊ ပူးပေါင်းဆောင်ရွက်မှု အပြန်အလှန် အလေးထား နားလည်မှု လိုအပ်နေသေးကြောင်း ကော်မတီ၏ အစီရင်ခံစာတွင် သုံးသပ်ထားသည်။
ထို့အပြင် အလုပ်ရှင်နှင့် အလုပ်သမား ကိစ္စများတွင် ယခင်က တိုက်ရိုက်တွေ့ဆုံ ညှိနှိုင်းဖြေရှင်း ပေးမှုများကို လွှတ်တော် ကော်မတီတစ်ရပ် အနေဖြင့် ဆောင်ရွက်နိုင်ပါက အချို့ပြဿနာများကို ပြေလည်စေခြင်း၊ လွှတ်တော် အနေဖြင့်လည်း ပကတိ မြေပြင်အခြေအနေကို သိရှိစေနိုင်ကြောင်း၊ ထိုသို့သော အစဉ်အလာမျိုးကို ဆက်လက်ရှင်သန်အောင် ဆောင်ရွက်စေသင့်ကြောင်း ကော်မတီက အကြံပြုထားသည်။
တောင်သူလယ်သမားနှင့် အလုပ်သမား အကျိုးစီးပွား မြှင့်တင်ရေး ကော်မတီသို့ ရောက်ရှိလာသည့် တိုင်ကြားစာများအား ပြည်ထောင်စု အစိုးရအဖွဲ့သို့ အမှုတွဲ ၅၁ စောင်၊ လယ်ယာမြေစုံစမ်းရေး ကော်မရှင်သို့ အမှုတွဲ ၇၂စောင်၊ ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာ ကော်မတီသို့ ခုနစ်စောင်၊ ပြည်သူ့လွှတ်တော်သို့ တစ်စောင် စသည်ဖြင့် ပေးပို့ခဲ့ကြောင်း၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးသို့ လွှဲပြောင်းပေးခဲ့သည့် တိုင်ကြားစာများအား မည်ကဲ့သို့ ဆောင်ရွက်ထားသည်ကို ဖြေကြားခြင်း မရှိကြောင်း၊ ထို့အတွက် ကြယ်ပွင့်မပြ မေးခွန်း မေးမြန်းခဲ့ရကြောင်း၊ ထိုသို့မေးမြန်းမှသာ ပြန်လည်ဖြေကြားကြောင်း ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
တောင်သူလယ်သမားနှင့် အလုပ်သမား အကျိုးစီးပွား မြှင့်တင်ရေး ကော်မတီအား ဖွဲ့စည်းခဲ့ခြင်းသည် လယ်ယာမြေ လုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုးတိုးတက် လာစေရန်နှင့် တောင်သူလယ်သမားများ၏ အကျိုးစီးပွားကို မြှင့်တင်ပြီး ထိရောက်စွာ ပံ့ပိုးနိုင်ရန်အတွက် လည်းကောင်း၊ အလုပ်သမားများ၏ အခွင့်အရေးကို ကာကွယ် စောင့်ရှောက်ရန်နှင့် အလုပ်ရှင် အလုပ်သမားများအကြား ဆက်ဆံရေး ကောင်းမွန်ပြီး လုပ်ငန်းခွင် အေးချမ်းသာယာရေး အတွက်လည်းကောင်း၊ လယ်ယာမြေနှင့် အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုများအား တရားမျှတစွာ ဖြေရှင်းဆောင်ရွက် ပေးခြင်းဖြင့် ၎င်းတို့၏ ရပိုင်ခွင့်များကို မျှတမှန်ကန်စွာ ရရှိခံစား နိုင်စေရန် ရည်ရွယ်ကြောင်း သိရသည်။
လွှတ်တော် အစည်းအဝေးများတွင် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၏ လာရောက် ရှင်းလင်းချက်များသည် ၎င်းတို့၏ ဆောင်ရွက်ချက်များကိုသာ ရှင်းလင်းမှုများဖြစ်ပြီး မေးခွန်းများနှင့်ပတ်သက်၍ အကျိုးသက်ရောက်မှု ရလဒ်တင်ပြမှု မရှိသလောက် နည်းပါးကြောင်း လွှတ်တော်ကော်မတီ သုံးသပ်















