အသက်ငါးနှစ်အရွယ် ကလေးငယ်အား အဓမ္မပြုကျင့်ခဲ့သော စစ်ပြေး ဦးကျော်ကျော်မိုးအား စစ်တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ်သုံးနှစ် ချမှတ်ခဲ့ပြီး နယ်ရဲသို့ လွှဲပြောင်းပေးခဲ့ကာ ဒီဇင်ဘာ ၂၃ ရက်က စစ်တွေခရိုင် တရားရုံးတွင် တရားလိုပြ သက်သေဖြစ်သော ကလေးငယ်အား စစ်ဆေးခဲ့ပြီး ဒီဇင်ဘာ ၂၉ ရက်တွင် ဒုတိယအကြိမ်အဖြစ် တရားလိုပြ သက်သေတစ်ဦးအား ထပ်မံစစ်ဆေးခဲ့ပြီးနောက် တတိယအကြိမ်အဖြစ် လိုပြသက်သေတစ်ဦးအား ဇန်နဝါရီ ၁၂ ရက်က စစ်ဆေး မေးမြန်းခဲ့ကြောင်း သိရသည်။
အဆိုပါအမှုသည် နိုဝင်ဘာ ၁၅ ရက် ညနေ ၅ နာရီခွဲခန့်တွင် စစ်တွေမြို့၊ စက်ရုံစုရပ်ကွက် ( မီးလောင်ကွင်း) တွင် နေထိုင်သော မ . . . . ၊ အသက်ငါးနှစ်၊ (ဘ) ဦး. . . . . ၊ သည် အိမ်နောက်ဘက်တွင် ရှိသော ချုံပုတ်သို့ အိမ်သာတက်ရန် သွားရောက်စဉ် အိမ်နီးချင်းနေ ဦးကျော်ကျော်မိုး၊ အသက် ၅၀၊ (ဘ)ဦးကြည်ထွန်း၊ ဗမာဗုဒ္ဓ၊ ခမရ ၃၇၈ မှ တပ်ပြေးတစ်ဦးဖြစ်သူက ကလေးမလေးအား ပါးစပ်ပိတ်ပြီး ချုံထဲသို့ ခေါ်ဆောင်သွားကာ အဓမ္မပြုကျင့်ခဲ့ကြောင်းနှင့် နောက်ပိုင်း ပြေးထွက်လွတ်မြောက်လာပြီး မိခင်ဖြစ်သူအား တိုင်တန်းသဖြင့် မိခင်ဖြစ်သူမှ သမီးအား စစ်ဆေးကြည့်ရာ သွေးများကိုတွေ့ရှိခဲ့ရကြောင်းနှင့် ဒဏ်ရာများကိုတွေ့ရှိရသဖြင့် ပတ်ဝန်းကျင်အား အကူအညီတောင်းခံခဲ့ရာ အိမ်နီးပတ်ဝန်းကျင်မှ လာရောက်ခြင်း၊ သက်ဆိုင်ရာမှ လာရောက်ဖမ်းဆီးခဲ့ခြင်းများကို ပြုလုပ်ခဲ့ရကြောင်း၊ ကျူးလွန်ခံရသော ကလေးငယ်အား စစ်တွေဆေးရုံသို့ ချက်ချင်း တင်ပို့ကုသမှုခံယူခဲ့ပြီးနောက် သုံးရက်အကြာတွင် ဆေးရုံမှ ဆင်းခွင့်ရခဲ့ကြောင်း သိရသည်။
ထိုဖြစ်စဉ်အပေါ် စစ်ဘက်ဆိုင်ရာ တရားရုံးမှ ဦးကျော်ကျော်မိုးအား နိုဝင်ဘာ ၁၇ ရက်က စစ်ပြေးမှု အပါအဝင် တပ်မတော် ဂုဏ်သိက္ခာ ကျဆင်းအောင် လုပ်ဆောင်ခြင်းတို့ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်သုံးနှစ် ချမှတ်ခဲ့ကြောင်း၊ ယင်းနောက်နယ်ရဲသို့ ၉ ရက်တွင် လွှဲပြောင်းပေးခဲ့ကြောင်း၊ ဒီဇင်ဘာ ၉ ရက်တွင် ရဲမှတရားစွဲဆိုခဲ့ရာ မူလက ၃၇၆/၃၇၇ ဖြင့် တရားစွဲဆိုခဲ့သော်လည်း ယခုအခါတွင် ယင်းအမှုနှင့် ပတ်သက်ပြီး စစ်တွေမြို့၊ မြို့မရဲစခန်းမှ (ပ)၂၃၄/၂၀၁၄၊ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၁၁/၃၇၆/၃၇၇ တို့အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
အဆိုပါအမှုအား ဇန်နဝါရီ ၁၉ ရက်တွင် ထပ်မံပြီး တရားလိုပြ သက်သေသုံးဦးအား စစ်ဆေး သွားမည်ဖြစ်ကြောင်း သိရသည်။
စစ်တွေမြို့၌ ငါးနှစ်အရွယ် ကလေးငယ်အား အဓမ္မပြုကျင့်ခဲ့သော စစ်ပြေးကို စစ်တရားရုံးမှ ထောင်ဒဏ် သုံးနှစ်ချမှတ်ခဲ့ပြီး အရပ်ဘက်သို့ လွှဲပြောင်းရာ စစ်တွေခရိုင် တရားရုံးတွင် တရားလိုပြ သက်သေအား စစ်ဆေး