အိမ်မဲမြို့တွင် တရားမဝင် အရက် ရောင်းချသည်ဟုဆိုကာ တာဝန်ရှိသူများ မပါဘဲ အရပ်ဝတ်ဖြင့် ရဲသုံးဦးက နေအိမ်ပေါ်တက်၍ ခြင်ထောင်လှန်ပြီး

အိမ်မဲမြို့တွင် တရားမဝင် အရက် ရောင်းချသည်ဟုဆိုကာ တာဝန်ရှိသူများ မပါဘဲ အရပ်ဝတ်ဖြင့် ရဲသုံးဦးက နေအိမ်ပေါ်တက်၍ ခြင်ထောင်လှန်ပြီး
Published 12 January 2016
မင်းသူဝင်းထွဋ်

အိမ်မဲမြို့တွင် တရားမဝင် အရက် ရောင်းချသည်ဟုဆိုကာ တာဝန်ရှိသူများ မပါဘဲ အရပ်ဝတ်ဖြင့် ရဲသုံးဦးက နေအိမ်ပေါ်တက်၍ ခြင်ထောင်လှန်ပြီး အမျိုးသမီးတစ်ဦးအား မတရား ဖမ်းဆီးခဲ့သည်ကို နစ်နာသူများ ရှင်းလင်း
အိမ်မဲမြို့ သီးကွင်းကျေးရွာအုပ်စု ဂွေးကုန်းကျေးရွာတွင် တရားမဝင် အရက်ရောင်းချသည်ဟုဆိုကာ ညပိုင်းအချိန်တွင် ဒေသဆိုင်ရာ တာဝန်ရှိသူများ မပါဝင်ဘဲ အရပ်ဝတ်ဖြင့် ရဲဝန်ထမ်းသုံးဦးမှာ အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်နှစ်ဦးတည်း ရှိနေသည့် နေအိမ် နောက်ဖေးပေါက်မှတက်၍ မတရား ဖမ်းဆီးခဲ့သည်ကို နစ်နာသူများမှ ပုသိမ်မြို့တွင် ဇန်နဝါရီ ၁၂ရက်၌ သတင်းစာ ရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် ည ၉ နာရီခန့်တွင် ဂွေးကုန်းကျေးရွာနေ မမိချောမှ လင်ယောက်ကျ်ား မရှိချိန် သမီးနှစ်ဦးဖြင့် အိပ်နေစဉ် ဘောင်းဘီဒူးကျ၊ အင်္ကျီလက်တို၊ စွပ်ကျယ်ချိုင်းပြတ် ဝတ်ဆင်ထားသူ လူသုံးဦးမှ အိမ်နောက်ဖေး ရေကပြင်မှ တက်လာပြီး မမိချော အိပ်ပျော်နေသည့် ခြင်းထောင်ကိုလှန်၍ လှုပ်နှိုးခဲ့ကြောင်း၊ ယင်းနောက် နေအိမ်မီးဖိုချောင်တွင် လယ်ယာရှိ လုပ်သားများ သောက်သုံးရန်အတွက် ကျေးရွာအရက်ဆိုင်မှာ ဝယ်ယူထားသည့် အရက်ပုံးကို ပြသကာယင်းတို့မှာ ရဲများဖြစ်ပြီး ယခုအရက်ပုံးမှာ ဘာအတွက်ထားရှိသလဲဟု မေးမြန်းခဲ့ကြောင်း၊ မမိချောမှာ အနီးပတ်ဝန်းကျင်ရှိ လူများကို သွားရောက် ခေါ်ဆောင်မည်ဟု ပြောဆိုခဲ့သည်ကို ရဲဝန်ထမ်းဆိုသည့် သုံးဦးမှ တိုးတိုးပြောရန် ပတ်ဝန်းကျင်ရှိသူများကို မခေါ်ရန် ပြောဆိုပြီး အသင့်ပါလာသော စာရွက်များပေါ်တွင် မမိချောအား လက်မှတ်များ ရေးထိုးစေခဲ့ကြောင်း၊ ယင်းနောက် အရက်ပုန်း ရောင်းသည်ဟုဆိုကာ အိမ်နောက်ဖေးတွင် ရပ်ထားသော စက်လှေပေါ်သို့ မမိချောအား အတင်းဖက်၍ ခေါ်ဆောင်သွားခဲ့ပြီး စက်လှေပေါ်တွင် မမိချောအား အရှက်ရစေသည့် စကားများပြောဆိုပြီး မမိချောမှ မလိုက်လျောခဲ့သောကြောင့် ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့ကြောင်း၊ နစ်နာသူများ၏ ရှင်းလင်းချက်များအရ သိရသည်။

Most Read

Most Recent