အလုပ်ရှာနေသည့် မိန်းကလေးနှစ်ဦးကို အနှိပ်ခန်း တစ်ခုသို့ပို့သော အမျိုးသမီး အပါအဝင် အနှိပ်ခန်း မန်နေဂျာတို့အား ကာမလိမ်လည် ရောင်းချမှုဖြင့် ကာယကံရှင် မိန်းကလေးနှစ်ဦးက ဇန်နဝါရီ ၁၀ ရက်တွင် မြောက်ဒဂုံ မြို့မရဲစခန်းတွင် လာရောက် တိုင်တန်း အမှုဖွင့်ခဲ့ကြောင်း သတင်းရရှိသည်။ဇန်နဝါရီ ၃ ရက် နံနက် ၇ နာရီခန့်တွင် မရမ်းကုန်းမြို့နယ်နေ မ.......(၂၁) နှစ်နှင့် ၎င်း၏သူငယ်ချင်းဖြစ်သော မ.......တို့သည် လှိုင်သာယာမြို့နယ် (၁၈) ရပ်ကွက် ရွှေရင်အေးတွင် နေထိုင်သည်ဟုဆိုသည့် အသက် ၃၀ နှစ်အရွယ် အမျိုးသမီး တစ်ဦးက အလုပ်ရှာပေးနိုင်ကြောင်း ပြောသဖြင့် ၎င်းထံသို့ သွားရောက်မေးမြန်းခဲ့ကြောင်း သိရသည်။ယင်းသို့ သွားရောက် မေးမြန်းရာ အဆိုပါ အမျိုးသမီးက မြောက်ဒဂုံမြို့နယ်ရှိ အနှိပ်ခန်း တစ်ခုတွင် အလုပ်ရှာပေးနိုင်ကြောင်းနှင့် အနှိပ်ခန်းမှာ ရိုးရိုးအနှိပ်ခန်းသာ ဖြစ်သည်ဟု ပြောပြခဲ့ကြောင်း သိရသည်။ထိုသို့ပြောသဖြင့် မြောက်ဒဂုံမြို့နယ် ၃၂ ရပ်ကွက် ပင်လုံလမ်းမပေါ်ရှိ SWEET SPA အမည်ရှိသောဆိုင်သို့ ခေါ်ဆောင်လာခဲ့ကြောင်း၊ ဆိုင်အရောက်တွင် မှော်ဘီမြို့နယ်နေ ဆိုင်မန်နေဂျာ ကိုထွန်း (ခ) ဝင်းထွန်းလှိုင် (၃၄) နှစ်ဆိုသူနှင့် စာရေးဖြစ်သူ မင်းထက်ဇော် (ခ) ထော်ကြီး (၂၁) နှစ်တို့ထံတွင် အပ်နှံကာ မင်းထက်ဇော်က လုပ်ငန်းအတွက် စရန်ငွေဟုဆိုပြီး ငွေကျပ်တစ်သိန်း ထုတ်ပေးခဲ့ကြောင်း၊ အဆိုပါ ရရှိသော ငွေများအနက်မှ ကျပ် ၃၀၀၀၀ ကို အလုပ်ရှာပေးသည့် အမျိုးသမီးအား ပေးခဲ့ရကြောင်း အမှုဖွင့် တိုင်တန်းချက်အရ သိရသည်။ယင်းနောက် ဇန်နဝါရီ ၃ ရက် ညမှစ၍ အနှိပ်ခန်းဟုပြောကာ လာရောက်သည့် ဧည့်သည်များနှင့် ကာမစပ်ယှက်ခိုင်းသဖြင့် ရဲစခန်းသို့ လာရောက်ပြီး အမှုဖွင့်ခဲ့ကြောင်း သိရသည်။“အဲဒီအနှိပ်ခန်းက တရားဝင် ဖွင့်ထားတဲ့ အနှိပ်ခန်း မဟုတ်ပါဘူး။ အခု ပိတ်သိမ်းလိုက်ပြီ။ ဆိုင်မန်နေဂျာနဲ့ စာရေးတို့ကို လက်ရှိမှာတော့ ဖမ်းဆီးစစ်ဆေးနေပါတယ်။ လာပို့တဲ့ အမျိုးသမီးကိုတော့ ဖမ်းဆီးရမိဖို့ စုံစမ်းဆောင်ရွက် နေပါတယ်။ အနှိပ်ခန်းကို အပို့ခံရတဲ့ မိန်းကလေးနှစ်ဦးက မနေ့က စခန်းကိုလာပြီး အမှုဖွင့်တာ ဖြစ်ပါတယ်။ ကြားရက်တွေမှာတော့ သူတို့အနှိပ်ခန်းမှာပဲ နေခဲ့ရတယ်လို့ စစ်ဆေးသိရှိရပါတယ်” ဟု ဒဂုံမြို့သစ် (မြောက်ပိုင်း) ရဲစခန်းက ရဲအရာရှိ တစ်ဦးက ဇန်နဝါရီ ၁၁ ရက်တွင် ပြောကြားသည်။အဆိုပါ ဖြစ်စဉ်မှ အနှိပ်ခန်းသို့ လာပို့သူ အမျိုးသမီး၊ ဆိုင်မန်နေဂျာ၊ ဆိုင်၏စာရေးတို့အား ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့မရဲစခန်းက (ပ) ၄၈/၁၆၊ ပြစ်မှုပုဒ်မ ၃၇၃ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
မိန်းကလေးနှစ်ဦးကို အနှိပ်ခန်း တစ်ခုသို့ ပို့ပေးသော အမျိုးသမီး အပါအဝင် အနှိပ်ခန်း မန်နေဂျာတို့အား ကာမလိမ်လည် ရောင်းချမှုဖြင့် ဒဂုံမြို့သစ် (မြောက်ပိုင်း) ရဲစခန်းတွင် အမှုဖွင့်